Thursday, September 6, 2018

သစ္ေတာစီးပြား စကားဝိုင္း - 1

UniCode below



Credit: MOI
သစ္ေတာက႑နွင့္ ဆက္စပ္သည့္ နိုင္ငံ့စီးပြားေရး စကား ဝိုင္းေဆြးေနြး ပြဲကို ျမန္မာ့အသံနွင့္ ရုပ္ျမင္ သံျကားမွ ရိုက္ကူး ထုတ္လွြင့္ခဲ့ရာ အဆိုပါစကားဝိုင္းေဆြးေနြးပြဲတြင္ ဦးေက်ာ္ေက်ာ္လြင္ (ဒုတိယညွြန္ျကား ေရးမႉးခ်ုပ္၊ သစ္ေတာ ဦးစီးဌာန)၊ ဦးခြန္ေအာင္စိုး (အေထြေထြမန္ေနဂ်ာ၊ ျပည္တြင္းေရာင္းဝယ္ေရးနွင့္ သစ္စက္ဌာန၊ ျမန္မာ့ သစ္လုပ္ငန္း)၊ ေဒါက္တာ ဆန္းဦး(ဒုတိယ ညွြန္ျကားေရး မႉးခ်ုပ္၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာန)၊ ဦးစိုင္းမ်ိုးဝင္း (Excellent Fortune Development Group ၊ Chairman & Founder)၊ ေဒါက္တာ ဝင္းေမာင္(ဥကၠ႒ဌ၊ ျမန္မာ့ပတ္ဝန္းက်င္သိပၸံ) နွင့္ ဦးအာကာမင္း (မန္ေနဂ်င္းဒါရိုက္တာ ၊ High United Co., Ltd) တို့က ပါဝင္ေဆြးေနြးျကသည္။


အဆိုပါစကားဝိုင္းတြင္ ေဆြးေနြးခဲ့သည္မ်ားကို ျပန္လည္ေဖာ္ျပ လိုက္ပါသည္။

အစီအစဉ္မႉး ။ ။ ဒီေန့ စီးပြားေရးစကားဝိုင္းကေန နိုင္ငံရဲ့ သစ္ေတာက႑ဍနဲ့ စီးပြားေရး ဆက္နွြယ္တဲ့ အပိုင္းအျခားေတြကို တင္ျပသြားမွာ ျဖစ္ပါတယ္။ နိုင္ငံရဲ့ စီးပြားဖြံ့ျဖိုး တိုးတက္ဖို့ သစ္ေတာက႑ဍရဲ့ ေဆာင္ရြက္ခ်က္နဲ့ ပတ္သက္ျပီး ပထမဦးစြာ ရွင္းလင္း ေဆြးေနြးေစလို ပါတယ္။

ဦးေက်ာ္ေက်ာ္လြင္ ။ ။ ကြ်န္ေတာ္တို့ သစ္ေတာဦးစီးဌာန အေနနဲ့ကေတာ့ အဓိက စီးပြားေရးနဲ့ ပတ္သက္ရင္ ကာကြယ္ထိန္းသိမ္းေရးကို ပိုျပီးေတာ့ ဦးစားေပးပါတယ္။ အဲဒီကမွ စီးပြားေရး အတြက္သစ္ကို ထုတ္လုပ္တာ ျဖစ္ပါတယ္။ Global Warming အေျခအေနအရ ရာသီဥတု ေျပာင္းလဲလာေတာ့ ျပုစုထိန္းသိမ္း ေရးဘက္ကို ပိုျပီးအားေပးပါတယ္။ ဒါေပမယ့္ သစ္ေတာ က႑ဍက စီးပြားေရး အတြက္ ဆိုရင္ အားလံုးသိတဲ့အတိုင္းပဲ တစ္ခ်ိန္ တုန္းက သစ္ကို ထုတ္ျပီး ေရာင္းခဲ့ျကတယ္။ ဒါေတြအျပင္ သစ္ေတာ က႑ဍက အျခား စီးပြားေရး အရ ရင္းနွီး ျမႈပ္နွံမႈ လုပ္နိုင္တဲ့ က႑ဍေလးေတြ ရွိလာပါတယ္။ ဒါေတြကေတာ့ ပုဂၢလိကသစ္ေတာစိုက္ခင္း တည္ေထာင္ျခင္း၊ သဘာဝကို အေျခခံေသာ ခရီးသြားလုပ္ငန္း စသျဖင့္ေပါ့။

ပထမဦးဆံုး သစ္ေတာက႑ဍမွာ စီးပြားေရးဖြံ့ျဖိုးတိုးတက္ဖို့အတြက္ ေဆာင္ရြက္ခ်က္အေနနဲ့ သစ္ေတာစိုက္ခင္း တည္ေထာင္ျခင္းမွာ ရင္းနွီးျမႈပ္နွံမႈအပိုင္းကို ဦးစြာ ရွင္းလင္းေျပာျကားလိုပါ တယ္။ တစ္ခ်ိန္တုန္းက သစ္ေတာစိုက္ခင္း တည္ေထာင္ျခင္းကို နိုင္ငံေတာ္ ရဲ့ ရင္းနွီးျမႈပ္နွံမႈနဲ့ပဲ လုပ္ကိုင္ခဲ့ပါတယ္။ ၁၉၈၁ ခုနွစ္မွ ၂ဝ၁၇ ခုနွစ္ အထိဆိုရင္ ဧက ကိုးသိန္းေျခာက္ေသာင္းေက်ာ္ က ကြ်န္းစိုက္ခင္း၊ နွစ္သိန္းေျခာက္ေသာင္းေက်ာ္က သစ္မာစိုက္ခင္း စိုက္ပ်ိုးခဲ့ပါတယ္။ ဒါေပမယ့္ ၂ဝဝ၆ ခုနွစ္ကစျပီး နိုင္ငံေတာ္ရဲ့ ရင္းနွီးျမႈပ္နွံမႈ တင္မကဘဲနဲ့ ဒါဟာ စီးပြားေရးအရ အက်ိုးအျမတ္ တစ္ခုရွိနိုင္တဲ့ အတြက္ေျကာင့္ ပုဂၢလိကသစ္ေတာ စိုက္ခင္း တည္ေထာင္ဖို့ စတင္ျပီး လမ္းဖြင့္ေပးခဲ့ ပါတယ္။

၂ဝဝ၆ ခုနွစ္ ကေန အခု ၂ဝ၁၈ ခုနွစ္အထိ ဆိုရင္ ပုဂၢလိကစိုက္ခင္း တည္ေထာင္မႈအေနနဲ့ ကြ်န္း က တစ္သိန္း ေလးေသာင္းနဲ့ သစ္မာက တစ္သိန္းေက်ာ္ ရွိပါတယ္။ ပုဂၢလိကစိုက္ခင္း အမ်ိုးအစားေတြကေတာ့ ပုဂၢလိကကြ်န္း၊ ပုဂၢလိက သစ္မာ၊ ပုဂၢလိကေရာ္ဘာ၊ ပုဂၢလိကစက္မႈ ကုန္ျကမ္းနဲ့ ပုဂၢလိက အျခားစိုက္ခင္းဆိုျပီး စိုက္ခင္း အမ်ိုးအစားေတြ ခြင့္ျပုထားတာ ျဖစ္ပါတယ္။ အဲဒီေတာ့ ပုဂၢလိက စိုက္ခင္းေတြ တည္ေထာင္ခြင့္ ေပးတဲ့အခါမွာ ပုဂၢလိကကြ်န္း စိုက္ခင္းဆိုရင္ နိုင္ငံေတာ္အစိုးရကို တင္ျပျပီး အစိုးရအဖြဲ့ရဲ့ ခြင့္ျပုခ်က္နဲ့ ခြင့္ျပုေပးေန ပါတယ္။ သစ္မာဆိုရင္ ဧက ၁ဝဝ အထိ သစ္ေတာ ဦးစီးဌာန ကေန ခြင့္ျပုေပးေနပါတယ္။

ျမန္မာ့ကြ်န္းက ထင္ရွားျပီး ေဈးေကာင္း လည္းရတဲ့အတြက္ တစ္သိန္း ေလးေသာင္းအထိ စိုက္ပ်ိုးလာျကတယ္။ ပုဂၢလိက ကြ်န္းစိုက္ခင္းကို နိုင္ငံသူ နိုင္ငံသားေတြကပဲ ရင္းနွီးျမႈပ္နွံ လာျကတယ္။ တစ္ကမၻာလံုးက ျမန္မာ့ ကြ်န္းကို စိတ္ဝင္စား ျကေတာ့ နိုင္ငံျခားရင္းနွီး ျမႈပ္နွံမႈေတြ၊ Joint Venture ေတြ ဝင္လာပါျပီ။ ဒီမွာ ကြ်န္ေတာ္ ေဆြးေနြးေနရင္းနဲ့ ဦးစိုင္းမ်ိုးဝင္းကို ဖိတ္ေခၚခ်င္တာကေတာ့ နိုင္ငံေတာ္က ခြင့္ျပုျပီး စိုက္လာတဲ့ အေျခအေနနဲ့ နိုင္ငံျခား ကုမၸဏီတစ္ခုနဲ့ Joint Venture အေျခအေနကို ေဆြးေနြးေပးပါခင္ဗ်။

ဦးစိုင္းမ်ိုးဝင္း ။ ။ ကြ်န္ေတာ္တို့ ကုမၸဏီအေနနဲ့က ၂ဝဝ၆ ခုနွစ္မွာ နိုင္ငံေတာ္က ပုဂၢလိက စိုက္ခင္းခြင့္ျပုခဲ့တဲ့ အဲဒီနွစ္မွာပဲ စိုက္ပ်ိုးဖို့ ေဆာင္ရြက္ခဲ့ပါတယ္။ ၂ဝဝ၇ ခုနွစ္မွာ စိုက္ပ်ိုးခဲ့ပါ တယ္။ အခုခ်ိန္ထိ စိုက္ပ်ိုးျပီးတဲ့ ဧက က သစ္ေတာဦးစီးဌာနကေနျပီးေတာ့ ငွားရမ္း စိုက္ပ်ိုးတာ ဧက တစ္ေသာင္းျဖစ္ပါတယ္။ ေျမလြတ္ေျမရိုင္း ကေန ငွားရမ္းျပီး စိုက္ပ်ိုးတာ ဧက ငါးေထာင္ျဖစ္ပါတယ္။ စုစုေပါင္း တစ္ေသာင္း ငါးေထာင္ စိုက္ပ်ိုးျပီး ျဖစ္ပါတယ္။ PWC ကုမၸဏီ အေနနဲ့ Audit Report မွာက ၂ဝဝ၆ ခုနွစ္ စတင္စိုက္ပ်ိုးခ်ိန္ကေန နွစ္သံုးဆယ္မွာ ဧက တစ္ေသာင္းငါးေထာင္၊ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ တန္မယ္ဆိုျပီး Audit Report ထြက္ပါတယ္။ ျမန္မာ ကြ်န္းဟာ ကမၻာ ေပၚမွာ ပထမတန္းစား ကြ်န္းအမ်ိုးအ စားျဖစ္ ပါတယ္။ ဒါေျကာင့္ အဂၤႅန္နိုင္ငံမွ ကုမၸဏီက စိတ္ဝင္စားတဲ့အတြက္ JV ေဆာင္ရြက္ဖို့ ကမ္းလွမ္းပါတယ္။ နိုင္ငံေတာ္ရဲ့ ခြင့္ျပုခ်က္နဲ့ ကြ်န္ေတာ္တို့ ေဆာင္ရြက္ခဲ့ပါတယ္။

အစီအစဉ္မႉး ။ ။ ဒီဧက တစ္ေသာင္းခြဲေလာက္ကို ျမန္မာနိုင္ငံရဲ့ ဘယ္အပိုင္းေတြမွာ စိုက္ပ်ိုးတာပါလဲ။

ဦးစိုင္းမ်ိုးဝင္း ။ ။ ရန္ကုန္တိုင္းေဒသျကီး တိုက္ျကီးျမို့နယ္နဲ့ ပဲခူးတိုင္းေဒသျကီး သာယာဝတီျမို့နယ္မွာ ကြ်န္ေတာ္တို့ စိုက္ခင္းေတြ ရွိပါတယ္။

အစီအစဉ္မႉး ။ ။ ဆက္လက္ျပီးေတာ့ ျမန္မာ့သစ္လုပ္ငန္း အေျကာင္း ကို ရွင္းျပ ေစလိုပါတယ္။

ဦးခြန္ေအာင္စိုး ။ ။ ျမန္မာ့သစ္ လုပ္ငန္းက ၁၉၄၈ ခုနွစ္က စတင္ တည္ေထာင္ခဲ့တဲ့ နိုင္ငံပိုင္ စီးပြားေရးလုပ္ငန္း ျဖစ္ပါတယ္။ အခုဆိုရင္ နွစ္ ၇ဝ ျပည့္ေလာက္ ေရာက္ခဲ့ပါျပီ။ ျမန္မာ့ သစ္လုပ္ငန္းရဲ့ အဓိကလုပ္ငန္းကေတာ့ ျမန္မာ့သစ္ေတာကထြက္တဲ့ သစ္ပင္ေတြကို သစ္ေတာ ဦးစီးဌာနရဲ့ လုပ္ထံုးလုပ္နည္းနဲ့အညီ ထုတ္လုပ္ျပီး နိုင္ငံေတာ္ရဲ့ ဝင္ေငြရွာေဖြျခင္း ျဖစ္ပါတယ္။ ခုေတာ့ သစ္ေတာေတြ ထိန္းသိမ္းတဲ့ အေနနဲ့၊ သဘာဝ ပတ္ဝန္း က်င္ေတြ ထိန္းသိမ္းတဲ့ အေနနဲ့ သစ္ကို ေလွ်ာ့ထုတ္လာပါျပီ။ သစ္အလံုးလိုက္ တင္ပို့မႈကို ရပ္ဆိုင္းျပီးေတာ့ သစ္ကေန အေခ်ာထည္ထုတ္လုပ္ျပီး နိုင္ငံျခား တင္ပို့တာကို လက္ရွိလုပ္ေဆာင္ေနပါတယ္။

ေနာက္တစ္ခုက နိုင္ငံပိုင္စီးပြားေရးဟာ ပုဂၢလိကပိုင္ စီးပြားေရးကို ျမွင့္တင္ေပးတဲ့အေနနဲ့ နိုင္ငံပိုင္ စီးပြားေရး ေတြကို ေလွ်ာ့ခ်တယ္။ ကြ်န္ေတာ္ တို့ သစ္လုပ္ငန္းအေနနဲ့ ဘယ္ေလာက္ အထိ ေလွ်ာ့ခ် လိုက္လဲ ဆိုရင္ မူရင္းဖြဲ့စည္းပံု ဝန္ထမ္းအင္အားက ေလးေသာင္း ငါးေထာင္ ရွိပါတယ္။ ျပီးခဲ့တဲ့ လကုန္အထိ ဝန္ထမ္းအင္အား ကေတာ့ တစ္ေသာင္းငါးေထာင္တစ္ရာပဲ က်န္ရွိ ပါတယ္။ သတ္မွတ္ ထားတဲ့ နိုင္ငံေတာ္ ဘတ္ဂ်က္ ဝင္ေငြျပည့္မီေအာင္ ေဆာင္ရြက္နိုင္ ခဲ့ပါတယ္။

ေဈးကြက္စီးပြားေရးကို ေျပာင္းလဲသြားတဲ့ အခ်ိန္မွာ သစ္ေတြကို တင္ဒါစနစ္နဲ့ပဲ ေရာင္းခ်ပါ တယ္။ တင္ဒါစနစ္နဲ့ ေရာင္းခ်ျခင္းျဖင့္ ေဈးကြက္ သေဘာအရ တစ္သိန္းတန္ေသာ သစ္ကို တစ္သိန္း အျပည့္အဝ ရရွိပါတယ္။ တင္ဒါကိုလည္း လစဉ္ေရာင္းေနတဲ့အတြက္ စက္မႈ ကုန္ျကမ္းလိုအပ္တဲ့ စက္ရံုေတြအတြက္ ကုန္ျကမ္းကို ျမန္မာ့သစ္ လုပ္ငန္းမွာ ေရာင္းေပးေနပါ တယ္။ ျပည္ပေရာင္းတာက နွစ္ျကိမ္၊ ျပည္တြင္းေရာင္းတာက တစ္ျကိမ္ ေဆာင္ရြက္ေပးပါ တယ္။ ဒီလိုေဆာင္ရြက္တဲ့အခါ လစဉ္ေရာင္းေနတာျဖစ္တဲ့အတြက္ ကုန္ျကမ္းဘယ္လိုရရွိျပီး ဘယ္လိုေဆာင္ရြက္တယ္ဆိုတာကို စက္ရံုပိုင္ရွင္ ဦးအာကာမင္းက ဆက္လက္ျပီး ေဆြးေနြးေပး ေစလိုပါတယ္။

ဦးအာကာမင္း ။ ။ ျပည္တြင္း ေရာင္းဝယ္ေရးနဲ့ သစ္စက္ဌာနကေန တစ္လ တစ္ျကိမ္ တင္ဒါ လုပ္ေပးပါတယ္။ လုပ္ေပးတဲ့ အေနအထားကလည္း အဆင္ေျပပါတယ္။ ဒီတင္ဒါ ပြဲနဲ့ ပတ္သက္ျပီး ကြ်န္ေတာ့္ အေနနဲ့ ေျပာျပခ်င္တာက ကြ်န္ေတာ္တို့က SME လုပ္ငန္းရွင္ အဖြဲ့ အစည္းေတြပါ။ တစ္လတစ္ျကိမ္ျဖစ္ေနတဲ့ တင္ဒါပြဲမွာ တစ္နိုင္ငံလံုးက လုပ္ငန္းရွင္ေတြ အေသးစား၊ အလတ္စားနဲ့ အျကီးစား လုပ္ငန္းရွင္ေတြ ပါပါတယ္။ တင္ဒါဆြဲတဲ့အခါ အျကီးစား လုပ္ငန္းရွင္ေတြ နဲ့ယွဉ္ျပီး တင္ဒါဝင္ဆြဲနိုင္ဖို့ အခက္အခဲေတာ့ ရွိပါတယ္။ အေသးစား၊ အလတ္စားအတြက္ တင္ဒါ ေလလံကို သီးသန့္ေလးျဖစ္ေစ ခ်င္ပါတယ္။

ဦးခြန္ေအာင္စိုး ။ ။ ျမန္မာ သစ္လုပ္ငန္းဟာ ျမန္မာနိုင္ငံမွာ သစ္နဲ့ ပတ္သက္ျပီး လုပ္ကိုင္ခြင့္ျပု ထားတဲ့ ဌာနျကီး တစ္ခုျဖစ္ပါတယ္။ ဒီကိစၥကို လူျကီးေတြနဲ့ တိုင္ပင္ျပီး ေသခ်ာေဆာင္ရြက္ ေပးပါမယ္။ သို့ေသာ္လည္း သစ္ကုန္သည္ျကီးေတြကို သိထားေစခ်င္တာလည္း ရွိပါတယ္။ ျမန္မာ့သစ္လုပ္ငန္းဟာ သစ္ေရာင္းတဲ့ အခါမွာ သစ္ကုန္စံု ဆိုင္ျကီး တစ္ခုလို ျဖစ္ေနပါ တယ္။ တစ္နိုင္ငံလံုးက သစ္ေတာ ဦးစီးဌာနက အပ္နွံတဲ့ သစ္ေတြကို တစ္ခါတင္ဒါ ပစ္ရင္ သံုးရက္ ပစ္ရတယ္၊ လပ္ပံုကို ေလးရာေလာက္အထိ ပစ္ရတယ္။ လပ္ပံု ဆိုတာ ငါးတန္၊ ဆယ္တန္ စသျဖင့္ပါတဲ့ သစ္မ်ိုးစံုပါ။ ဥပမာေျပာရရင္ ကြ်န္း၊ ပ်ဉ္းကတိုး၊ ပိေတာက္၊ သစ္ရာ၊ အင္ျကင္း၊ ေနွာ၊ ယမေန စသျဖင့္ တန္ဖိုးအျမင့္ဆံုးသစ္ကေန တန္ဖိုးအနိမ့္ ဆံုးသစ္အထိ ပစ္ရပါတယ္။ SME အတြက္ ေဒသအလိုက္ လုပ္ေပးဖို့ သီးျခားခြဲ ထုတ္ေပးရပါမယ္။ ကြ်န္ေတာ္တို့ အခုကစျပီး ရွမ္းျပည္နယ္နဲ့ တနသၤ࿿ာရီ တိုင္းေဒသျကီးမွာ စလုပ္ေနပါျပီ။

ေဒသတြင္းသံုးဖို့ တန္ကန့္သတ္ေပးလိုက္ပါတယ္။ ေဒသတြင္းက သစ္ေတာဝန္ျကီးေတြနဲ့ ညွိျပီးေတာ့ SME အတြက္ ျဖစ္ပါတယ္။ တန္ သံုးရာဆို သံုးရာ၊ ေလးရာဆို ေလးရာစသျဖင့္ ေဒသ ေက်ာ္မသယ္ရဘူး။ ေဒသတြင္းမွာပဲ ျဖစ္ရမယ္။ လုပ္ငန္းရွင္ေတြကလည္း ေဒသခံ လုပ္ငန္းရွင္ ျဖစ္ရမယ္။ တစ္ခုရွိတာက ကိုအာကာ တို့လို သစ္အမ်ားျကီး မထြက္တဲ့ ေနျပည္ေတာ္က လုပ္ငန္းရွင္ေတြ အတြက္က်ေတာ့ သူတို့အတြက္ ခက္ခဲမႈရွိတယ္။ အဲဒီအတြက္ ကို ေဒသမွာ ပစ္တဲ့ဟာကိုပဲ နွစ္မ်ိုးခြဲရပါတယ္။ သစ္အထြက္မ်ားတဲ့ မံုရြာတို့၊ စစ္ကိုင္းတို့၊ ဂန့္ေဂါတို့က်ေတာ့ Limit ထားလို့မရဘူး။ အဲဒီမွာ ပစ္တဲ့ဟာသည္ တစ္နိုင္ငံ လံုး သယ္ခြင့္ရမယ္။ နည္းတဲ့ေနရာ ခ်င္းတို့က်ေတာ့ တန္ငါးရာေလာက္ လိုခ်င္တယ္ဆို အဲဒီမွာပဲပစ္၊ ဝယ္တဲ့သူသည္ ေဒသခံ လုပ္ငန္းရွင္ေတြ ျဖစ္ရမယ္။ ဒါေလးကို လုပ္ငန္းရွင္ေတြ အဆင္ေျပ ေအာင္ Case By Case ၊ ေဒသက တင္ျပလာတာကို ကြ်န္ေတာ္တို့ ေဆာင္ရြက္ေနပါတယ္။

ဦးေက်ာ္ေက်ာ္လြင္ ။ ။ ျဖည့္စြက္ ေဆြးေနြးခ်င္တာက တစ္ခ်ိန္တုန္းက သစ္ေတာက႑ဍက သစ္ကိုပဲ ထုတ္ျပီးေတာ့ နိုင္ငံေတာ္အတြက္ ဝင္ေငြေရာ၊ အသံုးေရာ လုပ္ခဲ့ျကတယ္။ လက္ရွိ အစိုးရ တက္လာတဲ့ အခ်ိန္မွာ မူဝါဒခ်မွတ္ပါတယ္။ နံပါတ္တစ္က အရင္တုန္းက သစ္ေတြ အမ်ားျကီး ထုတ္ခဲ့တယ္။ ဒီအတြက္ သစ္ထုတ္လုပ္တာကို ရပ္ျပီးေတာ့ သစ္ထုတ္ခဲ့တာကို ျပန္သံုးသပ္မယ္။ ျပီးေတာ့ ဘာဆက္လုပ္မလဲ။ ပဲခူးရိုးမက သစ္ထုတ္တာ မ်ားခဲ့ေတာ့ ပဲခူးရိုးမကို သစ္ထုတ္တာ နားမယ္။ က်န္တဲ့ေနရာေတြကို သစ္ထုတ္မယ္။ နိုင္ငံေတာ္ ျငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ့ လက္ထက္က ထင္ပါတယ္။ တန္ ၁၄ သိန္းအထိ ထုတ္ခဲ့ တယ္။ သမၼတျကီး ဦးသိန္းစိန္ လက္ထက္မွာ တန္ ၇ သိန္း ေအာက္ကို ေလွ်ာ့ထုတ္ ခဲ့တယ္။ ထက္ဝက္ေလွ်ာ့ခ် ထုတ္ခဲ့တယ္။

အခု အစိုးရလက္ထက္မွာက်ေတာ့ အဲဒီရဲ့ တစ္ဝက္ တန္သံုးသိန္းခြဲ၊ သံုးသိန္းခြဲ ဆိုရာမွာ၊ ကြ်န္ေတာ္တို့ သစ္ေတာဦးစီးဌာနရဲ့ သတ္မွတ္ ခ်က္ အရ ျမန္မာနိုင္ငံရဲ့ နွစ္စဉ္ေတာထြက္က ကြ်န္း ဆိုရင္ ၅၅ ရာခိုင္နႈန္း၊ သစ္မာဆိုရင္ ၃ဝ၊ ၃၅ ရာခိုင္နႈန္းထုတ္မယ္ဆိုျပီး လက္ရွိ အစိုးရက မူဝါဒခ်မွတ္ပါတယ္။ ခ်မွတ္ေတာ့ တန္ သံုးသိန္းခြဲ အထိ ေလွ်ာ့ခ်ထုတ္ခဲ့ပါတယ္။ သစ္ေလွ်ာ့ခ် ထုတ္လိုက္ေတာ့ နိုင္ငံျခား ရင္းနွီးျမႈပ္နွံမႈ MIC ဆီမွာဆိုရင္ နိုင္ငံျခားရင္းနွီးျမႈပ္နွံမႈနဲ့ သစ္စက္ေတြ လာဖို့ ခဏရပ္ထားတယ္။ ဘာျဖစ္လို့လဲဆိုရင္ ကုန္ျကမ္း ရွားပါးလာနိုင္လို့ပါ။ အဲဒီေတာ့ ဒီကုန္ျကမ္း ရွားပါးတဲ့ အေပၚမွာ ဦးအာကာ တို့လို ထုတ္လုပ္ျဖန့္ျဖူးသူေတြ အေနနဲ့ ဘာေတြ အခက္အခဲရွိသလဲ သိခ်င္ပါတယ္။

ဦးအာကာမင္း။ ။သစ္အေခ်ာထုတ္တဲ့အတြက္ ေကာင္းပါတယ္။ သဘာဝ ေတာေတြကို ထိန္းသိမ္းရာလည္း ေရာက္ပါတယ္။ စက္မႈလုပ္ငန္းရွင္ေတြအတြက္ကေတာ့ ျပည္တြင္း ကထြက္ တဲ့ သစ္နဲ့ မလံုေလာက္ ခဲ့ဘူးဆိုရင္ေတာ့ အိမ္နီးခ်င္းနိုင္ငံေတြက ကုန္ျကမ္းအျဖစ္ သစ္လံုးပဲ ျဖစ္ျဖစ္၊ ခြဲသားပဲျဖစ္ျဖစ္ တင္သြင္းတာ Import လုပ္ရမွာ ျဖစ္ပါတယ္။ ကြ်န္ေတာ္တို့ ျပည္တြင္း ေဈးကြက္နဲ့က်ေတာ့ ကုန္ျကမ္းဝယ္ရတဲ့ ေဈးနႈန္းရယ္၊ ျပန္ေရာင္းမယ့္ ေဈးကြက္ရယ္ ဆိုရင္ တင္သြင္းတဲ့ အခြန္ကင္းလြတ္ခြင့္ ရမယ္ဆိုရင္ေတာ့ စက္မႈလုပ္ငန္းရွင္ေတြအတြက္ အလုပ္ လုပ္ကိုင္ဖို့ အဆင္ေျပနိုင္ပါတယ္။

(ဆက္လက္ေဖာ္ျပပါမည္)

ရွင္မင္းနွင့္အဖြဲ့


သစ်တောကဏ္ဍနှင့် ဆက်စပ်သည့် နိုင်ငံ့စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
သစ်တောကဏ္ဍနှင့် ဆက်စပ်သည့် နိုင်ငံ့စီးပွားရေး စကား ဝိုင်းဆွေးနွေး ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ရိုက်ကူး ထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးကျော်ကျော်လွင် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ သစ်တော ဦးစီးဌာန)၊ ဦးခွန်အောင်စိုး (အထွေထွေမန်နေဂျာ၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ မြန်မာ့ သစ်လုပ်ငန်း)၊ ဒေါက်တာ ဆန်းဦး(ဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန)၊ ဦးစိုင်းမျိုးဝင်း (Excellent Fortune Development Group ၊ Chairman & Founder)၊ ဒေါက်တာ ဝင်းမောင်(ဥက္ကဋ္ဌ၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ) နှင့် ဦးအာကာမင်း (မန်နေဂျင်းဒါရိုက်တာ ၊ High United Co., Ltd) တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ဒီနေ့ စီးပွားရေးစကားဝိုင်းကနေ နိုင်ငံရဲ့ သစ်တောကဏ္ဍနဲ့ စီးပွားရေး ဆက်နွှယ်တဲ့ အပိုင်းအခြားတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်ဖို့ သစ်တောကဏ္ဍရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ပထမဦးစွာ ရှင်းလင်း ဆွေးနွေးစေလို ပါတယ်။
ဦးကျော်ကျော်လွင် ။ ။ ကျွန်တော်တို့ သစ်တောဦးစီးဌာန အနေနဲ့ကတော့ အဓိက စီးပွားရေးနဲ့ ပတ်သက်ရင် ကာကွယ်ထိန်းသိမ်းရေးကို ပိုပြီးတော့ ဦးစားပေးပါတယ်။ အဲဒီကမှ စီးပွားရေး အတွက်သစ်ကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ Global Warming အခြေအနေအရ ရာသီဥတု ပြောင်းလဲလာတော့ ပြုစုထိန်းသိမ်း ရေးဘက်ကို ပိုပြီးအားပေးပါတယ်။ ဒါပေမယ့် သစ်တော ကဏ္ဍက စီးပွားရေး အတွက် ဆိုရင် အားလုံးသိတဲ့အတိုင်းပဲ တစ်ချိန် တုန်းက သစ်ကို ထုတ်ပြီး ရောင်းခဲ့ကြတယ်။ ဒါတွေအပြင် သစ်တော ကဏ္ဍက အခြား စီးပွားရေး အရ ရင်းနှီး မြှုပ်နှံမှု လုပ်နိုင်တဲ့ ကဏ္ဍလေးတွေ ရှိလာပါတယ်။ ဒါတွေကတော့ ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်း စသဖြင့်ပေါ့။
ပထမဦးဆုံး သစ်တောကဏ္ဍမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ချက်အနေနဲ့ သစ်တောစိုက်ခင်း တည်ထောင်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ဦးစွာ ရှင်းလင်းပြောကြားလိုပါ တယ်။ တစ်ချိန်တုန်းက သစ်တောစိုက်ခင်း တည်ထောင်ခြင်းကို နိုင်ငံတော် ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် အထိဆိုရင် ဧက ကိုးသိန်းခြောက်သောင်းကျော် က ကျွန်းစိုက်ခင်း၊ နှစ်သိန်းခြောက်သောင်းကျော်က သစ်မာစိုက်ခင်း စိုက်ပျိုးခဲ့ပါတယ်။ ဒါပေမယ့် ၂ဝဝ၆ ခုနှစ်ကစပြီး နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု တင်မကဘဲနဲ့ ဒါဟာ စီးပွားရေးအရ အကျိုးအမြတ် တစ်ခုရှိနိုင်တဲ့ အတွက်ကြောင့် ပုဂ္ဂလိကသစ်တော စိုက်ခင်း တည်ထောင်ဖို့ စတင်ပြီး လမ်းဖွင့်ပေးခဲ့ ပါတယ်။
၂ဝဝ၆ ခုနှစ် ကနေ အခု ၂ဝ၁၈ ခုနှစ်အထိ ဆိုရင် ပုဂ္ဂလိကစိုက်ခင်း တည်ထောင်မှုအနေနဲ့ ကျွန်း က တစ်သိန်း လေးသောင်းနဲ့ သစ်မာက တစ်သိန်းကျော် ရှိပါတယ်။ ပုဂ္ဂလိကစိုက်ခင်း အမျိုးအစားတွေကတော့ ပုဂ္ဂလိကကျွန်း၊ ပုဂ္ဂလိက သစ်မာ၊ ပုဂ္ဂလိကရော်ဘာ၊ ပုဂ္ဂလိကစက်မှု ကုန်ကြမ်းနဲ့ ပုဂ္ဂလိက အခြားစိုက်ခင်းဆိုပြီး စိုက်ခင်း အမျိုးအစားတွေ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ပုဂ္ဂလိက စိုက်ခင်းတွေ တည်ထောင်ခွင့် ပေးတဲ့အခါမှာ ပုဂ္ဂလိကကျွန်း စိုက်ခင်းဆိုရင် နိုင်ငံတော်အစိုးရကို တင်ပြပြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ခွင့်ပြုပေးနေ ပါတယ်။ သစ်မာဆိုရင် ဧက ၁ဝဝ အထိ သစ်တော ဦးစီးဌာန ကနေ ခွင့်ပြုပေးနေပါတယ်။
မြန်မာ့ကျွန်းက ထင်ရှားပြီး ဈေးကောင်း လည်းရတဲ့အတွက် တစ်သိန်း လေးသောင်းအထိ စိုက်ပျိုးလာကြတယ်။ ပုဂ္ဂလိက ကျွန်းစိုက်ခင်းကို နိုင်ငံသူ နိုင်ငံသားတွေကပဲ ရင်းနှီးမြှုပ်နှံ လာကြတယ်။ တစ်ကမ္ဘာလုံးက မြန်မာ့ ကျွန်းကို စိတ်ဝင်စား ကြတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ၊ Joint Venture တွေ ဝင်လာပါပြီ။ ဒီမှာ ကျွန်တော် ဆွေးနွေးနေရင်းနဲ့ ဦးစိုင်းမျိုးဝင်းကို ဖိတ်ခေါ်ချင်တာကတော့ နိုင်ငံတော်က ခွင့်ပြုပြီး စိုက်လာတဲ့ အခြေအနေနဲ့ နိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ Joint Venture အခြေအနေကို ဆွေးနွေးပေးပါခင်ဗျ။
ဦးစိုင်းမျိုးဝင်း ။ ။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က ၂ဝဝ၆ ခုနှစ်မှာ နိုင်ငံတော်က ပုဂ္ဂလိက စိုက်ခင်းခွင့်ပြုခဲ့တဲ့ အဲဒီနှစ်မှာပဲ စိုက်ပျိုးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ စိုက်ပျိုးခဲ့ပါ တယ်။ အခုချိန်ထိ စိုက်ပျိုးပြီးတဲ့ ဧက က သစ်တောဦးစီးဌာနကနေပြီးတော့ ငှားရမ်း စိုက်ပျိုးတာ ဧက တစ်သောင်းဖြစ်ပါတယ်။ မြေလွတ်မြေရိုင်း ကနေ ငှားရမ်းပြီး စိုက်ပျိုးတာ ဧက ငါးထောင်ဖြစ်ပါတယ်။ စုစုပေါင်း တစ်သောင်း ငါးထောင် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ PWC ကုမ္ပဏီ အနေနဲ့ Audit Report မှာက ၂ဝဝ၆ ခုနှစ် စတင်စိုက်ပျိုးချိန်ကနေ နှစ်သုံးဆယ်မှာ ဧက တစ်သောင်းငါးထောင်၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်မယ်ဆိုပြီး Audit Report ထွက်ပါတယ်။ မြန်မာ ကျွန်းဟာ ကမ္ဘာ ပေါ်မှာ ပထမတန်းစား ကျွန်းအမျိုးအ စားဖြစ် ပါတယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံမှ ကုမ္ပဏီက စိတ်ဝင်စားတဲ့အတွက် JV ဆောင်ရွက်ဖို့ ကမ်းလှမ်းပါတယ်။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။
အစီအစဉ်မှူး ။ ။ ဒီဧက တစ်သောင်းခွဲလောက်ကို မြန်မာနိုင်ငံရဲ့ ဘယ်အပိုင်းတွေမှာ စိုက်ပျိုးတာပါလဲ။
ဦးစိုင်းမျိုးဝင်း ။ ။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နဲ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှာ ကျွန်တော်တို့ စိုက်ခင်းတွေ ရှိပါတယ်။
အစီအစဉ်မှူး ။ ။ ဆက်လက်ပြီးတော့ မြန်မာ့သစ်လုပ်ငန်း အကြောင်း ကို ရှင်းပြ စေလိုပါတယ်။
ဦးခွန်အောင်စိုး ။ ။ မြန်မာ့သစ် လုပ်ငန်းက ၁၉၄၈ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ အခုဆိုရင် နှစ် ၇ဝ ပြည့်လောက် ရောက်ခဲ့ပါပြီ။ မြန်မာ့ သစ်လုပ်ငန်းရဲ့ အဓိကလုပ်ငန်းကတော့ မြန်မာ့သစ်တောကထွက်တဲ့ သစ်ပင်တွေကို သစ်တော ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်လုပ်ပြီး နိုင်ငံတော်ရဲ့ ဝင်ငွေရှာဖွေခြင်း ဖြစ်ပါတယ်။ ခုတော့ သစ်တောတွေ ထိန်းသိမ်းတဲ့ အနေနဲ့၊ သဘာဝ ပတ်ဝန်း ကျင်တွေ ထိန်းသိမ်းတဲ့ အနေနဲ့ သစ်ကို လျှော့ထုတ်လာပါပြီ။ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီးတော့ သစ်ကနေ အချောထည်ထုတ်လုပ်ပြီး နိုင်ငံခြား တင်ပို့တာကို လက်ရှိလုပ်ဆောင်နေပါတယ်။
နောက်တစ်ခုက နိုင်ငံပိုင်စီးပွားရေးဟာ ပုဂ္ဂလိကပိုင် စီးပွားရေးကို မြှင့်တင်ပေးတဲ့အနေနဲ့ နိုင်ငံပိုင် စီးပွားရေး တွေကို လျှော့ချတယ်။ ကျွန်တော် တို့ သစ်လုပ်ငန်းအနေနဲ့ ဘယ်လောက် အထိ လျှော့ချ လိုက်လဲ ဆိုရင် မူရင်းဖွဲ့စည်းပုံ ဝန်ထမ်းအင်အားက လေးသောင်း ငါးထောင် ရှိပါတယ်။ ပြီးခဲ့တဲ့ လကုန်အထိ ဝန်ထမ်းအင်အား ကတော့ တစ်သောင်းငါးထောင်တစ်ရာပဲ ကျန်ရှိ ပါတယ်။ သတ်မှတ် ထားတဲ့ နိုင်ငံတော် ဘတ်ဂျက် ဝင်ငွေပြည့်မီအောင် ဆောင်ရွက်နိုင် ခဲ့ပါတယ်။
ဈေးကွက်စီးပွားရေးကို ပြောင်းလဲသွားတဲ့ အချိန်မှာ သစ်တွေကို တင်ဒါစနစ်နဲ့ပဲ ရောင်းချပါ တယ်။ တင်ဒါစနစ်နဲ့ ရောင်းချခြင်းဖြင့် ဈေးကွက် သဘောအရ တစ်သိန်းတန်သော သစ်ကို တစ်သိန်း အပြည့်အဝ ရရှိပါတယ်။ တင်ဒါကိုလည်း လစဉ်ရောင်းနေတဲ့အတွက် စက်မှု ကုန်ကြမ်းလိုအပ်တဲ့ စက်ရုံတွေအတွက် ကုန်ကြမ်းကို မြန်မာ့သစ် လုပ်ငန်းမှာ ရောင်းပေးနေပါ တယ်။ ပြည်ပရောင်းတာက နှစ်ကြိမ်၊ ပြည်တွင်းရောင်းတာက တစ်ကြိမ် ဆောင်ရွက်ပေးပါ တယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လစဉ်ရောင်းနေတာဖြစ်တဲ့အတွက် ကုန်ကြမ်းဘယ်လိုရရှိပြီး ဘယ်လိုဆောင်ရွက်တယ်ဆိုတာကို စက်ရုံပိုင်ရှင် ဦးအာကာမင်းက ဆက်လက်ပြီး ဆွေးနွေးပေး စေလိုပါတယ်။
ဦးအာကာမင်း ။ ။ ပြည်တွင်း ရောင်းဝယ်ရေးနဲ့ သစ်စက်ဌာနကနေ တစ်လ တစ်ကြိမ် တင်ဒါ လုပ်ပေးပါတယ်။ လုပ်ပေးတဲ့ အနေအထားကလည်း အဆင်ပြေပါတယ်။ ဒီတင်ဒါ ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ ပြောပြချင်တာက ကျွန်တော်တို့က SME လုပ်ငန်းရှင် အဖွဲ့ အစည်းတွေပါ။ တစ်လတစ်ကြိမ်ဖြစ်နေတဲ့ တင်ဒါပွဲမှာ တစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေ အသေးစား၊ အလတ်စားနဲ့ အကြီးစား လုပ်ငန်းရှင်တွေ ပါပါတယ်။ တင်ဒါဆွဲတဲ့အခါ အကြီးစား လုပ်ငန်းရှင်တွေ နဲ့ယှဉ်ပြီး တင်ဒါဝင်ဆွဲနိုင်ဖို့ အခက်အခဲတော့ ရှိပါတယ်။ အသေးစား၊ အလတ်စားအတွက် တင်ဒါ လေလံကို သီးသန့်လေးဖြစ်စေ ချင်ပါတယ်။
ဦးခွန်အောင်စိုး ။ ။ မြန်မာ သစ်လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ သစ်နဲ့ ပတ်သက်ပြီး လုပ်ကိုင်ခွင့်ပြု ထားတဲ့ ဌာနကြီး တစ်ခုဖြစ်ပါတယ်။ ဒီကိစ္စကို လူကြီးတွေနဲ့ တိုင်ပင်ပြီး သေချာဆောင်ရွက် ပေးပါမယ်။ သို့သော်လည်း သစ်ကုန်သည်ကြီးတွေကို သိထားစေချင်တာလည်း ရှိပါတယ်။ မြန်မာ့သစ်လုပ်ငန်းဟာ သစ်ရောင်းတဲ့ အခါမှာ သစ်ကုန်စုံ ဆိုင်ကြီး တစ်ခုလို ဖြစ်နေပါ တယ်။ တစ်နိုင်ငံလုံးက သစ်တော ဦးစီးဌာနက အပ်နှံတဲ့ သစ်တွေကို တစ်ခါတင်ဒါ ပစ်ရင် သုံးရက် ပစ်ရတယ်၊ လပ်ပုံကို လေးရာလောက်အထိ ပစ်ရတယ်။ လပ်ပုံ ဆိုတာ ငါးတန်၊ ဆယ်တန် စသဖြင့်ပါတဲ့ သစ်မျိုးစုံပါ။ ဥပမာပြောရရင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း၊ နှော၊ ယမနေ စသဖြင့် တန်ဖိုးအမြင့်ဆုံးသစ်ကနေ တန်ဖိုးအနိမ့် ဆုံးသစ်အထိ ပစ်ရပါတယ်။ SME အတွက် ဒေသအလိုက် လုပ်ပေးဖို့ သီးခြားခွဲ ထုတ်ပေးရပါမယ်။ ကျွန်တော်တို့ အခုကစပြီး ရှမ်းပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးမှာ စလုပ်နေပါပြီ။
ဒေသတွင်းသုံးဖို့ တန်ကန့်သတ်ပေးလိုက်ပါတယ်။ ဒေသတွင်းက သစ်တောဝန်ကြီးတွေနဲ့ ညှိပြီးတော့ SME အတွက် ဖြစ်ပါတယ်။ တန် သုံးရာဆို သုံးရာ၊ လေးရာဆို လေးရာစသဖြင့် ဒေသ ကျော်မသယ်ရဘူး။ ဒေသတွင်းမှာပဲ ဖြစ်ရမယ်။ လုပ်ငန်းရှင်တွေကလည်း ဒေသခံ လုပ်ငန်းရှင် ဖြစ်ရမယ်။ တစ်ခုရှိတာက ကိုအာကာ တို့လို သစ်အများကြီး မထွက်တဲ့ နေပြည်တော်က လုပ်ငန်းရှင်တွေ အတွက်ကျတော့ သူတို့အတွက် ခက်ခဲမှုရှိတယ်။ အဲဒီအတွက် ကို ဒေသမှာ ပစ်တဲ့ဟာကိုပဲ နှစ်မျိုးခွဲရပါတယ်။ သစ်အထွက်များတဲ့ မုံရွာတို့၊ စစ်ကိုင်းတို့၊ ဂန့်ဂေါတို့ကျတော့ Limit ထားလို့မရဘူး။ အဲဒီမှာ ပစ်တဲ့ဟာသည် တစ်နိုင်ငံ လုံး သယ်ခွင့်ရမယ်။ နည်းတဲ့နေရာ ချင်းတို့ကျတော့ တန်ငါးရာလောက် လိုချင်တယ်ဆို အဲဒီမှာပဲပစ်၊ ဝယ်တဲ့သူသည် ဒေသခံ လုပ်ငန်းရှင်တွေ ဖြစ်ရမယ်။ ဒါလေးကို လုပ်ငန်းရှင်တွေ အဆင်ပြေ အောင် Case By Case ၊ ဒေသက တင်ပြလာတာကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
ဦးကျော်ကျော်လွင် ။ ။ ဖြည့်စွက် ဆွေးနွေးချင်တာက တစ်ချိန်တုန်းက သစ်တောကဏ္ဍက သစ်ကိုပဲ ထုတ်ပြီးတော့ နိုင်ငံတော်အတွက် ဝင်ငွေရော၊ အသုံးရော လုပ်ခဲ့ကြတယ်။ လက်ရှိ အစိုးရ တက်လာတဲ့ အချိန်မှာ မူဝါဒချမှတ်ပါတယ်။ နံပါတ်တစ်က အရင်တုန်းက သစ်တွေ အများကြီး ထုတ်ခဲ့တယ်။ ဒီအတွက် သစ်ထုတ်လုပ်တာကို ရပ်ပြီးတော့ သစ်ထုတ်ခဲ့တာကို ပြန်သုံးသပ်မယ်။ ပြီးတော့ ဘာဆက်လုပ်မလဲ။ ပဲခူးရိုးမက သစ်ထုတ်တာ များခဲ့တော့ ပဲခူးရိုးမကို သစ်ထုတ်တာ နားမယ်။ ကျန်တဲ့နေရာတွေကို သစ်ထုတ်မယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က ထင်ပါတယ်။ တန် ၁၄ သိန်းအထိ ထုတ်ခဲ့ တယ်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ တန် ၇ သိန်း အောက်ကို လျှော့ထုတ် ခဲ့တယ်။ ထက်ဝက်လျှော့ချ ထုတ်ခဲ့တယ်။
အခု အစိုးရလက်ထက်မှာကျတော့ အဲဒီရဲ့ တစ်ဝက် တန်သုံးသိန်းခွဲ၊ သုံးသိန်းခွဲ ဆိုရာမှာ၊ ကျွန်တော်တို့ သစ်တောဦးစီးဌာနရဲ့ သတ်မှတ် ချက် အရ မြန်မာနိုင်ငံရဲ့ နှစ်စဉ်တောထွက်က ကျွန်း ဆိုရင် ၅၅ ရာခိုင်နှုန်း၊ သစ်မာဆိုရင် ၃ဝ၊ ၃၅ ရာခိုင်နှုန်းထုတ်မယ်ဆိုပြီး လက်ရှိ အစိုးရက မူဝါဒချမှတ်ပါတယ်။ ချမှတ်တော့ တန် သုံးသိန်းခွဲ အထိ လျှော့ချထုတ်ခဲ့ပါတယ်။ သစ်လျှော့ချ ထုတ်လိုက်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု MIC ဆီမှာဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ သစ်စက်တွေ လာဖို့ ခဏရပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ကုန်ကြမ်း ရှားပါးလာနိုင်လို့ပါ။ အဲဒီတော့ ဒီကုန်ကြမ်း ရှားပါးတဲ့ အပေါ်မှာ ဦးအာကာ တို့လို ထုတ်လုပ်ဖြန့်ဖြူးသူတွေ အနေနဲ့ ဘာတွေ အခက်အခဲရှိသလဲ သိချင်ပါတယ်။
ဦးအာကာမင်း။ ။သစ်အချောထုတ်တဲ့အတွက် ကောင်းပါတယ်။ သဘာဝ တောတွေကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ စက်မှုလုပ်ငန်းရှင်တွေအတွက်ကတော့ ပြည်တွင်း ကထွက် တဲ့ သစ်နဲ့ မလုံလောက် ခဲ့ဘူးဆိုရင်တော့ အိမ်နီးချင်းနိုင်ငံတွေက ကုန်ကြမ်းအဖြစ် သစ်လုံးပဲ ဖြစ်ဖြစ်၊ ခွဲသားပဲဖြစ်ဖြစ် တင်သွင်းတာ Import လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်း ဈေးကွက်နဲ့ကျတော့ ကုန်ကြမ်းဝယ်ရတဲ့ ဈေးနှုန်းရယ်၊ ပြန်ရောင်းမယ့် ဈေးကွက်ရယ် ဆိုရင် တင်သွင်းတဲ့ အခွန်ကင်းလွတ်ခွင့် ရမယ်ဆိုရင်တော့ စက်မှုလုပ်ငန်းရှင်တွေအတွက် အလုပ် လုပ်ကိုင်ဖို့ အဆင်ပြေနိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

ရှင်မင်းနှင့်အဖွဲ့

0 comments:

Post a Comment

Popular Posts