Thursday, September 6, 2018

သစ္ေတာစီးပြား စကားဝိုင္း - 3

UniCode Below


 သစ္ေတာက႑နွင့္ ဆက္စပ္သည့္ နိုင္ငံ့စီးပြားေရး စကားဝိုင္းေဆြးေနြးပြဲကို ျမန္မာ့အသံနွင့္ ရုပ္ျမင္သံျကားမွ ရိုက္ကူးထုတ္လွြင့္ခဲ့ရာ အဆိုပါစကားဝိုင္းေဆြးေနြးပြဲတြင္ ဦးေက်ာ္ေက်ာ္လြင္ (ဒုတိယညွြန္ျကား ေရးမႉးခ်ုပ္၊ သစ္ေတာ ဦးစီးဌာန)၊ ဦးခြန္ေအာင္စိုး (အေထြေထြမန္ေနဂ်ာ၊ ျပည္တြင္းေရာင္း ဝယ္ေရးနွင့္ သစ္စက္ဌာန၊ ျမန္မာ့သစ္လုပ္ငန္း)၊ ေဒါက္တာဆန္းဦး (ဒုတိယ ညွြန္ျကားေရးမႉးခ်ုပ္၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာန)၊ ဦးစိုင္းမ်ိုးဝင္း (Excellent Fortune Development Group ၊ Chairman & Founder) ၊ ေဒါက္တာဝင္းေမာင္ (ဥကၠ႒ဌ၊ ျမန္မာ့ပတ္ဝန္းက်င္သိပၸံ) နွင့္ ဦးအာကာမင္း (မန္ေနဂ်င္းဒါရိုက္တာ ၊ High United Co.,Ltd.) တို့က ပါဝင္ေဆြးေနြးျကသည္။

အဆိုပါစကားဝိုင္းတြင္ ေဆြးေနြးခဲ့သည္မ်ားကို ျပန္လည္ေဖာ္ျပလိုက္ပါသည္။

ယမန္ေန့မွအဆက္




ဦးေက်ာ္ေက်ာ္လြင္ ။ ။ သစ္ကို ေလွ်ာ့ထုတ္မယ္ ဆိုရင္ နိုင္ငံတြင္းကို တင္သြင္းဖို့ လိုအပ္ေကာင္း လိုအပ္မယ္။ ကြ်န္ေတာ္တို့ဝန္ျကီးဌာနရဲ့ သေဘာထားကေတာ့ Raw ကုန္ျကမ္း သစ္လံုးသာ တင္သြင္း မယ္ဆိုရင္ သုညရာခိုင္နႈန္းအထိ အခြန္ကင္းလြတ္ခြင့္ ေပးခ်င္ပါတယ္။ တန္သံုးသိန္း ခြဲအထိ ေလွ်ာ့ခ်ထုတ္လုပ္တာျဖစ္တဲ့အတြက္ ကုန္ျကမ္းတင္သြင္းတာကို အားေပးပါတယ္။ ကုန္ျကမ္းသြင္းတဲ့ အခြန္ကိုလည္း သူတို့အတြက္ လုပ္သာကိုင္သာရွိေအာင္ ေလွ်ာ့ခ်ေပးပါမယ္။ ဆံုးျဖတ္ခ်က္ကေတာ့ လွြတ္ေတာ္က ဆံုးျဖတ္ရမွာျဖစ္တဲ့ အတြက္ ကြ်န္ေတာ္တို့ ဌာန ကေန တင္ျပမယ္။

ဦးခြန္ေအာင္စိုး ။ ။ လက္ရွိမွာ ကိုရီးယားနဲ့ သစ္လုပ္ငန္းနဲ့ ဖက္စပ္ေနတဲ့ MKTI ဆြာမွာရွိတဲ့ အထပ္သားစက္ရံု က ဘာလုပ္ေပးလဲဆိုေတာ့ အထပ္သား၊ ငါးထပ္သား ဆိုရင္ အလယ္မွာ သံုးထပ္ထည့္ရတယ္။ ဒီအတြက္ တင္သြင္းတာရွိပါတယ္။ နိုင္ငံျခားကတင္သြင္း တဲ့အခါ စိုက္ခင္းသစ္ေတြပဲ။ စိုက္ခင္းသစ္ ဆိုေတာ့ သစ္နုတယ္။ နည္းနည္း အရည္အေသြးညံ့တယ္။ ဒါကို အလယ္သားအတြက္ သံုးတယ္။ အဲဒီဟာမ်ိုး ကို ဝယ္ျပီးေတာ့ ကြ်န္ေတာ္တို့ ကညင္ေတြ၊ ကြ်န္ေတာ္တို့ ကညင္ေတြက နွစ္ ၆ဝ အသားေတြ ဆိုေတာ့ ေကာင္းတယ္။ ဒါေတြကို အေပၚက ထပ္ပါတယ္။ ဒီလိုမ်ိုးနဲ့ ဒီမွာလုပ္ျပီးေတာ့ ျပန္ျပီး ျပည္ပကို တင္ပို့တယ္။ ျပည္တြင္းလည္း ျဖန့္တယ္။

ကြ်န္ေတာ္တို့ဆီမွာ လက္ရွိ ထုတ္တဲ့ သစ္အားလံုးသည္ သစ္မာဆိုရင္ နွစ္ ၆ဝ အထက္၊ ကြ်န္းဆိုရင္ နွစ္ ၁ဝဝ အထက္ရွိတယ္။ ရင္စို့လံုးပတ္က ကြ်န္းဆိုရင္ ေျခာက္ေပခြဲ၊ သစ္မာဆို ေျခာက္ေပမွ သစ္ေတာဦးစီးဌာနက ခြင့္ျပုတာျဖစ္ပါတယ္။ ဒီအရြယ္ေရာက္ဖို့က နွစ္ ၆ဝ ေလာက္သက္တမ္း ရွိပါတယ္။ ဒါေျကာင့္ ကြ်န္ေတာ္တို့ သစ္ေတြက ေကာင္းတယ္။ ေကာင္းလြန္းတဲ့ဟာကို အလယ္သား သံုးတယ္ဆိုရင္ ရတဲ့ေဈးနဲ့ မတန္တဲ့အခါက်ေတာ့ တျခားနိုင္ငံကေနစိုက္တဲ့ နည္းနည္းပြတဲ့ သစ္ေတြကို ဝယ္သြင္းေနပါတယ္။ အဲဒီဟာကိုလည္း ကိုအာကာတို့ ျပန္ေလ့လာရင္ အဓိက အထပ္သားက လူသံုးမ်ားပါတယ္။ ဒီအထပ္သား၊ အလယ္သား ကို စတင္ျပီးေဆာင္ရြက္ေနျကပါျပီ။

ဦးေက်ာ္ေက်ာ္လြင္ ။ ။ ကြ်န္ေတာ္တို့ ေျပာသလိုပဲ ကြ်န္ေတာ္တို့က ေလွ်ာ့ခ်ထုတ္လုပ္လိုက္ေတာ့ ကြ်န္ေတာ္ တို့ ဆီမွာရွိတဲ့ စက္ရံုေတြရဲ့ လိုအပ္ခ်က္ကရွိလာေတာ့ သူတို့ import လုပ္ရတယ္။ ျပီးရင္ ဒီဟာကို Re-export လုပ္တာပါ။ ဒါနဲ့ တစ္ဆက္စပ္တည္း စိုက္ခင္းဘက္ကို ျပန္ျပီးေက်ာ့ရရင္ သဘာဝ ေတာကပဲ သစ္ကိုထုတ္လာတယ္။ ကြ်န္းဆိုရင္ နွစ္ ၈ဝ၊ ၆ဝ အထက္ ကြ်န္ေတာ္တို့ ထုတ္လာခဲ့ေတာ့ သဘာဝေတာျကီးကို အားကိုးေနရတဲ့အတြက္ ေျကာင့္ ၂ဝ၁၄ က log export ban လုပ္လိုက္တယ္။ သစ္လံုး အလံုးလိုက္ ျပည္ပတင္ပို့ခြင့္မေပးဘူး။

မေပးတဲ့ အဓိကရည္ရြယ္ခ်က္က ကြ်န္ေတာ္တို့ နိုင္ငံ သဘာဝေတာကထြက္တဲ့ သစ္လံုးကို ကြ်န္ေတာ္တို့ ဆီမွာပဲ ခြဲစိတ္ျခင္းအားျဖင့္ ျပည္တြင္း လုပ္ငန္းရွင္ ကိုအာကာတို့အျပင္ နိုင္ငံျခားရင္းနွီး ျမႈပ္နွံမႈလည္းလာမယ္။

သူတို့စက္ရံုေတြ လာေထာင္ရင္ ကြ်န္ေတာ္ တို့ျပည္တြင္းက ျပည္သူေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရမယ္။ အဲဒီအတြက္ ကြ်န္ေတာ္ တို့က ၂ဝ၁၄ မွာ log export ban လုပ္လိုက္ တယ္။ လုပ္လိုက္တဲ့အခ်ိန္မွာ စိုက္ခင္းေတြကို ကြ်န္ေတာ္က အားေပးေနျပီ။ အားေပးေတာ့ ပုဂၢလိကစိုက္ခင္းေတြ တည္ေထာင္လာျကတဲ့ အခါမွာ ပုဂၢလိကစိုက္ခင္းေတြလည္း အမ်ားျကီး တည္ေထာင္လာျပီ။ ၂ဝဝ၆ ခုနွစ္ကခြင့္ျပုေတာ့ ၁၂ နွစ္တာကာလ ကိုအာကာကို သစ္ထုတ္ တာေတြ ေလွ်ာ့လိုက္လို့ အခက္အခဲေတြနဲ့ ေျဖရွင္းဖို့ နည္းလမ္းေတြ ေဆြးေနြးသလို ဒီဘက္က ဦးစိုင္းမ်ိုးဝင္းကိုလည္း ကြ်န္ေတာ္တို့ စိုက္ခင္းေတြ ၁ဝ နွစ္၊ ၁၂ နွစ္ သက္တမ္းကာလ ေရာက္လာေတာ့ စိုက္ခင္းေတြနဲ့ ပတ္သက္လို့၊ စိုက္ခင္းကလည္း အခုထြက္လာ ေတာ့မယ့္ သစ္ေတြနဲ့ ပတ္သက္လို့ အခက္အခဲေတြနဲ့ပတ္သက္ျပီး ေဆြးေနြးလိုတာမ်ားရွိရင္ ဖိတ္ေခၚပါ တယ္။

ဦးစိုင္းမ်ိုးဝင္း ။ ။ သယံဇာတနဲ့ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ျကီးဌာနကေန စိုက္ခင္း လုပ္ငန္းရွင္ေတြ စိုက္ပ်ိုးလာေအာင္ နည္းလမ္းေတြအမ်ားျကီး စဉ္းစားျပီးေတာ့ ေျဖေလွ်ာ့ေပး ပါတယ္။ ဒါေပမယ့္ လက္ရွိ ကြ်န္ေတာ္ တို့နိုင္ငံမွာ အခက္အခဲတစ္ခုရွိတာက ကြ်န္ေတာ္ တို့ စိုက္ပ်ိုးတဲ့ေျမဟာဆိုရင္ ကိုယ္ပိုင္ေျမ မဟုတ္ ပါဘူး။ သစ္ေတာဦးစီးဌာနကေန ငွားရမ္းျပီး စိုက္ပ်ိုးတယ္။ ဒါမွမဟုတ္လည္း အေစာပိုင္းက တင္ျပသလို ေျမလြတ္ေျမရိုင္းေတြကို ငွားရမ္းျပီး စိုက္ပ်ိုးတယ္။ စိုက္ပ်ိုးတဲ့အခါမွာ ေျမပိုင္ဆိုင္မႈဟာ ကြ်န္ေတာ္တို့ရဲ့ေျမ မဟုတ္တဲ့ အတြက္ ဒါကို ဘဏ္ မွာ အာမခံအျဖစ္ေပးျပီးေတာ့မွ ေခ်းေငြ မရယူနိုင္ ပါဘူး။

နိုင္ငံျခားမွာဆိုရင္ေတာ့ ဒီလိုအေျခအေန မ်ိုးမွာ ဒီေျမျကီးေပၚမွာရွိတဲ့ စိုက္ပ်ိုးထားတဲ့ သစ္ပင္ေတြကို အာမခံ ကုမၸဏီေတြကေန တန္ဖိုး ျဖတ္ျပီး လက္ခံေပးတယ္။ အာမခံေပးတဲ့ အေပၚမွာ ဘဏ္ရဲ့ လုပ္ထံုးလုပ္နည္းနဲ့အညီ ေခ်းေငြေတြ ခြင့္ျပုေပးတာရွိတယ္။ ဒီေတာ့ ကြ်န္ေတာ္တို့ နိုင္ငံမွာလည္းပဲ နိုင္ငံတကာမွာလို နည္းလမ္းေတြ က်င့္သံုးျပီးေတာ့ ေခ်းေငြကို စိုက္ခင္းလုပ္ငန္းရွင္ ေတြအတြက္ ခြင့္ျပုေပးနိုင္ခဲ့မယ္ဆိုရင္ ကြ်န္ေတာ္ တို့နိုင္ငံမွာ စိုက္ပ်ိုးေရး ဟာ ဒီထက္ပိုျပီး က်ယ္က်ယ္ ျပန့္ျပန့္ စိုက္ပ်ိုးလာနိုင္မွာျဖစ္ပါတယ္။

ဦးေက်ာ္ေက်ာ္လြင္။ ။ ကြ်န္ေတာ္တို့ ဘဏ္စနစ္ေတြကို ျကိုးစားျပီးေတာ့ ညွိနွိုင္းေနတယ္။ ေငြကို ေခ်းလို့ရေအာင္၊ သစ္ေတာစိုက္ခင္းမွာ ရင္းနွီးျမႈပ္နွံမႈဆိုတာ နွစ္ရွည္ ျကာတယ္။ အခုကြ်န္း ဆိုရင္ အနွစ္၃ဝ ေပးတယ္။ ေပါင္းေပါင္းျပီး ဆက္လုပ္ရမယ္။ ကြ်န္းသစ္လံုး ထြက္တဲ့အထိပါ။ အခုေတာ့ ၁၂ နွစ္တာ ကာလဆိုေတာ့ ျကားျဖတ္ေတာထြက္ေတြလည္း ထြက္လာ ပါျပီ။ ဒါေတြနဲ့ပတ္သက္လို့ ေဆာင္ရြက္ေနတဲ့ အေျခအေနနဲ့ ေဈးကြက္အေျခအေနကို ေဆြးေနြး ေပးပါဦး။

ဦးစိုင္းမ်ိုးဝင္း ။ ။ အေစာပိုင္း စိုက္ပ်ိုးတဲ့ စိုက္ခင္းေတြဟာ အခုခ်ိန္မွာ ျကားျဖတ္ဝင္ေငြ ရရွိနိုင္တဲ့ ေမ်ာတို့၊ တိုင္တို့ ထြက္ရွိလာပါျပီ။ ထြက္ရွိလာတဲ့အခါမွာ ကြ်န္ေတာ္ တို့နိုင္ငံမွာ ဒါေတြကို အသံုးျပုျပီးေတာ့ ပရိေဘာဂ တို့ ထုတ္လုပ္တာေတြက ေနာင္တစ္ခ်ိန္မွာေတာ့ ဖြံ့ျဖိုးလာမွာပါ။ အခုခ်ိန္မွာေတာ့ အစပိုင္းလည္း ျဖစ္တဲ့အခါက်ေတာ့ ျပည္တြင္းမွာ ေဈးကြက္ အားနည္းေနပါတယ္။ အားနည္းေနတဲ့အတြက္ စိုက္ခင္းကေနျပီး ေတာ့ ထြက္ရွိလာတဲ့ ေမ်ာတို့၊ တိုင္တို့ကို ျပည္ပကို အလံုးလိုက္ တင္ပို့ခြင့္ျပုမယ္ဆိုရင္ ျကားျဖတ္ဝင္ေငြရရွိမွာ ျဖစ္တဲ့အတြက္ စိုက္ခင္းသမားေတြအတြက္ ဒါဟာ အေထာက္ အပံ့အမ်ားျကီးျဖစ္ပါတယ္။

ဦးေက်ာ္ေက်ာ္လြင္ ။ ။ ပုဂၢလိကတင္ မကဘူး။ကြ်န္ေတာ္တို့ နိုင္ငံေတာ္အတြက္ ပါပါတယ္။ အခုထြက္လာတဲ့ တိုင္၊ ေမ်ာ ေတြကို ေဆးသြင္းတာေတြ၊ ျပုျပင္တာေတြအတြက္ နည္းပညာ ပိုင္းဆိုင္ရာ၊ ရင္းနွီးျမႈပ္နွံမႈဆိုင္ရာ နည္းတယ္။ နည္းေတာ့ ဒါကို အလံုးလိုက္တင္ပို့ခ်င္ တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ သစ္ေတာဦးစီးဌာနက ကြ်န္းစိုက္ခင္းက ပိုစိုက္လာခဲ့ေတာ့ အဲဒီ ဟာေတြပါ ေဈးကြက္မရွိဘူး။ ေဈးကြက္မရွိဘူးဆို ေတာ့ ကြ်န္ေတာ္တို့ နိုင္ငံေတာ္ပိုင္ စိုက္ခင္း ေရာ၊ ပုဂၢလိကပိုင္ စိုက္ခင္းေရာက ထြက္လာတဲ့ ဒီကြ်န္း သစ္ေတြ၊ သစ္မာေတြကို အလံုးလိုက္ ျပည္ပ တင္ပို့ခြင့္ျပုဖို့ ဦးစိုင္းမ်ိုးဝင္းက ေတာင္းဆိုတယ္။ ကြ်န္ေတာ္တို့ဘက္ကလည္း စီစဉ္ ေဆာင္ရြက္လ်က္ ရွိပါတယ္။

ကြ်န္ေတာ္တို့ သယံဇာတနဲ့ သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရး ဝန္ျကီးဌာနက မူအားျဖင့္ သေဘာတူျပီးသား။ နိုင္ငံေတာ္ရဲ့ Policy ျဖစ္ ေတာ့ အထက္ကို တင္ျပျပီး ေဆာင္ရြက္သြားမွာ ျဖစ္တဲ့ အေျကာင္း ကြ်န္ေတာ့္ရဲ့ သမိုင္းတစ္ေလွ်ာက္လံုး သဘာဝေတာကပဲ သစ္ထုတ္လာခဲ့ တာ။ ဒီနွစ္ ၂ဝ၁၈ ခုနွစ္ သစ္ထုတ္ရာသီမွာေတာ့ ကြ်န္း တန္ ၁၅ဝဝဝ ထုတ္ပါမယ္။ တန္ ၁၅ဝဝဝ ကို ၇ဝ ရာခိုင္ နႈန္းကို သဘာဝေတာထဲက အနွစ္ ၁ဝဝ အထက္ ကန့္သတ္ ရင္စို့လံုးပတ္ ၆ ေပ ၆ လက္မအထက္ သဘာဝကြ်န္းပင္ျကီးကို ၇ဝ ရာခိုင္နႈန္းပဲ ခုတ္လွဲ ပါမယ္။ သစ္ေတာ ဦးစီးဌာနရဲ့ ဌာနပိုင္စိုက္ခင္းက ၃ဝ ရာခိုင္နႈန္း ကြ်န္းကိုထုတ္ပါမယ္။

အဲဒီကြ်န္းကို သဘာဝေတာကထြက္လာတဲ့ ကြ်န္းကိုေတာ့ ဒီမွာ ပဲ ခြဲစိတ္ျပုျပင္ျပီးမွ တရားဝင္သစ္ မွန္ကန္ ေျကာင္း ေထာက္ခံခ်က္နဲ့အတူ နိုင္ငံျခားကို တင္ပို့ရပါတယ္။ တရားဝင္သစ္ မွန္ကန္ေျကာင္း ေျပာနိုင္တယ္ ဆိုရင္ ဥေရာပေဈးကြက္က အိမ္နီးခ်င္း အိနၵိယ၊ တရုတ္၊ ထိုင္းတို့လို ေဈးကြက္ထက္စာရင္ ေဈးေကာင္း ပိုရတယ္။ ဒါေပမယ့္ အဲဒီမွာ တရားဝင္သစ္ ေထာက္ခံခ်က္က အေရးျကီးတယ္။ ဒီအတြက္ လုပ္ေနပါတယ္။ ကြ်န္ေတာ္တို့ စိုက္ခင္းကသစ္ကို တရားဝင္သစ္ျဖစ္ေျကာင္း ေနာက္ေျကာင္းျပန္ လိုက္ဖို့က အလြန္လြယ္ တယ္။ မွတ္တမ္းမွတ္ရာ အျပည့္အစံုရွိေတာ့၊ ေနာက္ေျကာင္းျပန္ အစစ္ ေဆးကို ခံနိုင္ေတာ့ ‘ဒီစိုက္ခင္းကထြက္တဲ့ သစ္ ဆိုရင္ ျပည္ပနိုင္ငံေတြအထိ export လုပ္နိုင္တယ္။ ဦးစိုင္းမ်ိုးဝင္း တို့ ေဆြးေနြးသြားသလို ငယ္ရြယ္တဲ့ တိုင္၊ ေမ်ာေတြမွာ ေဆးသြင္းဖို့လိုအပ္တာမွာ နည္းပညာ မဖြံ့ျဖိုးေသးရင္ ဒါေတြကိုေတာ့ သစ္ အလံုးလိုက္ တင္ပို့ဖို့ လိုမွာပါ။ ရဖို့လည္း ေဆာင္ရြက္ ေနပါတယ္။

ဦးခြန္ေအာင္စိုး ။ ။ အဲဒီ ကြ်န္းေမ်ာေတြက ကြ်န္ေတာ္တို့ ဆီမွာသာသိပ္အသံုးမဝင္တာ နိုင္ငံျခားမွာ အလြန္ အသံုးဝင္တယ္။ ကြ်န္းသည္ ပင္လယ္ေရငန္ကို ခံနိုင္ရည္ ရွိတယ္။ ကြ်န္ေတာ္တို့ ဆီမွာ ကြ်န္းေမ်ာထြက္လာ ရင္ အမ်ားျကီးထြက္လာေတာ့ ေလလံပစ္တာေတာင္ ဝယ္မယ့္သူမရွိပါဘူး။ နိုင္ငံျခားမွာ ေတာ္ေတာ္ တန္ဖိုးရွိတယ္။ ဒါမ်ိုးကို တန္ဖိုးရွိတဲ့ နိုင္ငံကို ပို့လိုက္ရင္ ရင္းနွီးမတည္ျပန္ရပါတယ္။

ဦးေက်ာ္ေက်ာ္လြင္ ။ ။ ဒါကေတာ့ နိုင္ငံေတာ္ရဲ့ မူဝါဒတစ္ခု ျဖစ္ပါတယ္။ နိုင္ငံပိုင္စိုက္ခင္းျကီး ေတြက ထြက္ေနတဲ့ ပင္က်ပ္ေတြက ပိုမ်ားေသးတယ္။ ပင္က်ပ္ေတြက ထြက္လာတယ္၊ ေဈးကြက္ကမရွိ။ ေနာက္ဆံုး အနီးနား ေက်းရြာသူ ရြာသားေတြကို ထင္းအျဖစ္ ေဝလိုက္ရ တယ္။ ဒါကိုသာ export ဆိုတဲ့ ကိစၥဆိုရင္ သစ္ေတာက႑ဍက စိုက္ခင္းကြ်န္းနဲ့ သစ္မာကို အလံုးလိုက္ export ျပုမယ္ဆိုရင္ ပုဂၢလိက က႑ဍနဲ့ နိုင္ငံေတာ္ က႑ဍအတြက္ ဝင္ေငြအမ်ားျကီး ျဖစ္လာမယ့္အတြက္ေျကာင့္ ေဈးကြက္က်ယ္ျပန့္ ေလ၊ ေဈးရေလပါပဲ။

အစီအစဉ္မႉး ။ ။ ျမန္မာစီးပြားေရးလုပ္ငန္း ေရရွည္ ဖြံ့ျဖိုးဖို့ အတြက္ကို ပတ္ဝန္းက်င္ ထိန္းသိမ္းေရးက႑ဍနဲ့ ဘယ္လို ဆက္စပ္ျပီး ေဆာင္ရြက္ေနတယ္ဆိုတာကို ဆရာ ရွင္းျပေပး ပါဦး။

ေဒါက္တာဆန္းဦး ။ ။ ျမန္မာနိုင္ငံေရာ၊ ကမၻာမွာပါ ေရရွည္ စဉ္ဆက္မျပတ္ ဖြံ့ျဖိုးတိုးတက္ေရး ဆိုတဲ့ လမ္းေျကာင္းကို သြားေနတာပါ။ အဲဒီလိုသြားတဲ့ေနရာမွာ စီးပြားေရး၊ လူမႈေရး၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုတဲ့ အဓိက မ႑ဍိုင္ျကီးသံုးရပ္ကို ဟန္ခ်က္ညီညီနဲ့ တစ္ခုနဲ့တစ္ခု ထိန္းေက်ာင္းျပီးေတာ့မွ သြားေနရတဲ့ အေန အထားကို ကမၻာ့နိုင္ငံအသီးသီးကလည္း လက္ခံ လိုက္ျပီျဖစ္ပါတယ္။ ဒီမ႑ဍိုင္ျကီးသံုးခုထဲက တစ္ခုခု ခြ်တ္ယြင္းမယ္၊ နည္းနည္းယိမ္းယိုင္ သြားမယ္ဆိုရင္ ေရရွည္ဖြံ့ျဖိုး တိုးတက္မႈကို ရဖို့ရာ အင္မတန္ ခဲယဉ္းတယ္ ဆိုတာ သိရွိျပီးသား ျဖစ္တယ္။

ဒါေျကာင့္ နိုင္ငံရဲ့ ေရရွည္စဉ္ဆက္မျပတ္ ဖြံ့ျဖိုးတိုးတက္ေရး၊ စီးပြားေရး ဖြံ့ျဖိုးတိုးတက္ေရးမွာ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုတဲ့ က႑ဍကို ထည့္သြင္းေပါင္းစပ္ဖို့အတြက္ စတင္ေဆာင္ရြက္ လာတာျဖစ္ပါတယ္။ ဒါနဲ့ပတ္သက္လို့ ျပီးခဲ့တဲ့ ၁၉၉၄ ခုနွစ္မွာ အမ်ိုးသားပတ္ဝန္းက်င္မူဝါဒကို ခ်မွတ္ခဲ့တယ္။ ဒီမူဝါဒရဲ့ ရည္မွန္းခ်က္ကေတာ့ နိုင္ငံသားတစ္ရပ္လံုးရဲ့ အက်ိုးစီးပြား ေရရွည္ စဉ္ဆက္မျပတ္ဖြံ့ျဖိုးတိုးတက္ေရးအတြက္ နိုင္ငံ သူ/ နိုင္ငံသားအားလံုးရဲ့ က်န္းမာေပ်ာ္ရွြင္ေရး၊ ဖြံ့ျဖိုး တိုးတက္ေရး အတြက္ ရည္ရြယ္ျပီး ပတ္ဝန္း က်င္က႑ဍကို ထည့္သြင္းေပါင္းစပ္ျပီး ေဆာင္ရြက္ဖို့ ျဖစ္တယ္။

ခ်မွတ္ခဲ့တဲ့ မူဝါဒကနည္းတယ္။ အနွစ္သာရေတာ့ ျပည့္တယ္။ သို့ေသာ္လည္းပဲ ျပန္ျပီး မြမ္းမံဖို့လို တယ္။ အဓိကအားျဖင့္ ဒီမူဝါဒခ်မွတ္ျပီးေတာ့မွ ဘယ္လိုဗ်ူဟာေတြနဲ့ သြားမလဲ။ ဘယ္လို လုပ္ငန္း စဉ္ေတြနဲ့ အေကာင္အထည္ေဖာ္ရမလဲဆိုတာ လိုအပ္လာတာတစ္ခ်က္၊ ေနာက္တစ္ခါ ကမၻာ့နိုင္ငံ ေတြမွာ တစ္ေန့တျခား ျကံုေတြ့လာရတဲ့ ပတ္ဝန္းက်င္ဆိုင္ရာ အလားအလာေတြ၊ ရာသီဥတုေျပာင္း လဲမႈေျကာင့္ သဘာဝေဘး အနၱရာယ္ေတြ ျကံုလာဖို့ ကိစၥေတြရွိတယ္။ ဒီလို ေက်ာ္လွြားဖို့အတြက္ နိုင္ငံ ေတြအခ်င္းခ်င္းအျကားမွာ ကတိကဝတ္ယူျပီး ေတာ့မွ သေဘာတူညီခ်က္စာခ်ုပ္ေတြ လက္မွတ္ ထိုးတယ္။

ဒီလိုကိစၥေတြ ေပၚေပါက္လာတဲ့အတြက္ ေျကာင့္ ၂ဝ၁၅ ေအာက္တိုဘာလက ျပန္ျပီးသံုးသပ္ တယ္။ ဒီမူဝါဒအရ စီးပြားေရးဖြံ့ျဖိုးတိုးတက္မႈ လုပ္ငန္းေတြမွာ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဆိုတဲ့ က႑ဍကို ထည့္သြင္းေပါင္းစပ္ျပီး စတင္အေကာင္ အထည္ေဖာ္ ေဆာင္ရြက္လ်က္ ရွိပါတယ္။


ရွင္မင္းနွင့္အဖြဲ့


သစ်တောကဏ္ဍနှင့် ဆက်စပ်သည့် နိုင်ငံ့စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးကျော်ကျော်လွင် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ သစ်တော ဦးစီးဌာန)၊ ဦးခွန်အောင်စိုး (အထွေထွေမန်နေဂျာ၊ ပြည်တွင်းရောင်း ဝယ်ရေးနှင့် သစ်စက်ဌာန၊ မြန်မာ့သစ်လုပ်ငန်း)၊ ဒေါက်တာဆန်းဦး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန)၊ ဦးစိုင်းမျိုးဝင်း (Excellent Fortune Development Group ၊ Chairman & Founder) ၊ ဒေါက်တာဝင်းမောင် (ဥက္ကဋ္ဌ၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ) နှင့် ဦးအာကာမင်း (မန်နေဂျင်းဒါရိုက်တာ ၊ High United Co.,Ltd.) တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ယမန်နေ့မှအဆက်
ဦးကျော်ကျော်လွင် ။ ။ သစ်ကို လျှော့ထုတ်မယ် ဆိုရင် နိုင်ငံတွင်းကို တင်သွင်းဖို့ လိုအပ်ကောင်း လိုအပ်မယ်။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ သဘောထားကတော့ Raw ကုန်ကြမ်း သစ်လုံးသာ တင်သွင်း မယ်ဆိုရင် သုညရာခိုင်နှုန်းအထိ အခွန်ကင်းလွတ်ခွင့် ပေးချင်ပါတယ်။ တန်သုံးသိန်း ခွဲအထိ လျှော့ချထုတ်လုပ်တာဖြစ်တဲ့အတွက် ကုန်ကြမ်းတင်သွင်းတာကို အားပေးပါတယ်။ ကုန်ကြမ်းသွင်းတဲ့ အခွန်ကိုလည်း သူတို့အတွက် လုပ်သာကိုင်သာရှိအောင် လျှော့ချပေးပါမယ်။ ဆုံးဖြတ်ချက်ကတော့ လွှတ်တော်က ဆုံးဖြတ်ရမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဌာန ကနေ တင်ပြမယ်။
ဦးခွန်အောင်စိုး ။ ။ လက်ရှိမှာ ကိုရီးယားနဲ့ သစ်လုပ်ငန်းနဲ့ ဖက်စပ်နေတဲ့ MKTI ဆွာမှာရှိတဲ့ အထပ်သားစက်ရုံ က ဘာလုပ်ပေးလဲဆိုတော့ အထပ်သား၊ ငါးထပ်သား ဆိုရင် အလယ်မှာ သုံးထပ်ထည့်ရတယ်။ ဒီအတွက် တင်သွင်းတာရှိပါတယ်။ နိုင်ငံခြားကတင်သွင်း တဲ့အခါ စိုက်ခင်းသစ်တွေပဲ။ စိုက်ခင်းသစ် ဆိုတော့ သစ်နုတယ်။ နည်းနည်း အရည်အသွေးညံ့တယ်။ ဒါကို အလယ်သားအတွက် သုံးတယ်။ အဲဒီဟာမျိုး ကို ဝယ်ပြီးတော့ ကျွန်တော်တို့ ကညင်တွေ၊ ကျွန်တော်တို့ ကညင်တွေက နှစ် ၆ဝ အသားတွေ ဆိုတော့ ကောင်းတယ်။ ဒါတွေကို အပေါ်က ထပ်ပါတယ်။ ဒီလိုမျိုးနဲ့ ဒီမှာလုပ်ပြီးတော့ ပြန်ပြီး ပြည်ပကို တင်ပို့တယ်။ ပြည်တွင်းလည်း ဖြန့်တယ်။
ကျွန်တော်တို့ဆီမှာ လက်ရှိ ထုတ်တဲ့ သစ်အားလုံးသည် သစ်မာဆိုရင် နှစ် ၆ဝ အထက်၊ ကျွန်းဆိုရင် နှစ် ၁ဝဝ အထက်ရှိတယ်။ ရင်စို့လုံးပတ်က ကျွန်းဆိုရင် ခြောက်ပေခွဲ၊ သစ်မာဆို ခြောက်ပေမှ သစ်တောဦးစီးဌာနက ခွင့်ပြုတာဖြစ်ပါတယ်။ ဒီအရွယ်ရောက်ဖို့က နှစ် ၆ဝ လောက်သက်တမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သစ်တွေက ကောင်းတယ်။ ကောင်းလွန်းတဲ့ဟာကို အလယ်သား သုံးတယ်ဆိုရင် ရတဲ့ဈေးနဲ့ မတန်တဲ့အခါကျတော့ တခြားနိုင်ငံကနေစိုက်တဲ့ နည်းနည်းပွတဲ့ သစ်တွေကို ဝယ်သွင်းနေပါတယ်။ အဲဒီဟာကိုလည်း ကိုအာကာတို့ ပြန်လေ့လာရင် အဓိက အထပ်သားက လူသုံးများပါတယ်။ ဒီအထပ်သား၊ အလယ်သား ကို စတင်ပြီးဆောင်ရွက်နေကြပါပြီ။
ဦးကျော်ကျော်လွင် ။ ။ ကျွန်တော်တို့ ပြောသလိုပဲ ကျွန်တော်တို့က လျှော့ချထုတ်လုပ်လိုက်တော့ ကျွန်တော် တို့ ဆီမှာရှိတဲ့ စက်ရုံတွေရဲ့ လိုအပ်ချက်ကရှိလာတော့ သူတို့ import လုပ်ရတယ်။ ပြီးရင် ဒီဟာကို Re-export လုပ်တာပါ။ ဒါနဲ့ တစ်ဆက်စပ်တည်း စိုက်ခင်းဘက်ကို ပြန်ပြီးကျော့ရရင် သဘာဝ တောကပဲ သစ်ကိုထုတ်လာတယ်။ ကျွန်းဆိုရင် နှစ် ၈ဝ၊ ၆ဝ အထက် ကျွန်တော်တို့ ထုတ်လာခဲ့တော့ သဘာဝတောကြီးကို အားကိုးနေရတဲ့အတွက် ကြောင့် ၂ဝ၁၄ က log export ban လုပ်လိုက်တယ်။ သစ်လုံး အလုံးလိုက် ပြည်ပတင်ပို့ခွင့်မပေးဘူး။
မပေးတဲ့ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ နိုင်ငံ သဘာဝတောကထွက်တဲ့ သစ်လုံးကို ကျွန်တော်တို့ ဆီမှာပဲ ခွဲစိတ်ခြင်းအားဖြင့် ပြည်တွင်း လုပ်ငန်းရှင် ကိုအာကာတို့အပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလည်းလာမယ်။
သူတို့စက်ရုံတွေ လာထောင်ရင် ကျွန်တော် တို့ပြည်တွင်းက ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်။ အဲဒီအတွက် ကျွန်တော် တို့က ၂ဝ၁၄ မှာ log export ban လုပ်လိုက် တယ်။ လုပ်လိုက်တဲ့အချိန်မှာ စိုက်ခင်းတွေကို ကျွန်တော်က အားပေးနေပြီ။ အားပေးတော့ ပုဂ္ဂလိကစိုက်ခင်းတွေ တည်ထောင်လာကြတဲ့ အခါမှာ ပုဂ္ဂလိကစိုက်ခင်းတွေလည်း အများကြီး တည်ထောင်လာပြီ။ ၂ဝဝ၆ ခုနှစ်ကခွင့်ပြုတော့ ၁၂ နှစ်တာကာလ ကိုအာကာကို သစ်ထုတ် တာတွေ လျှော့လိုက်လို့ အခက်အခဲတွေနဲ့ ဖြေရှင်းဖို့ နည်းလမ်းတွေ ဆွေးနွေးသလို ဒီဘက်က ဦးစိုင်းမျိုးဝင်းကိုလည်း ကျွန်တော်တို့ စိုက်ခင်းတွေ ၁ဝ နှစ်၊ ၁၂ နှစ် သက်တမ်းကာလ ရောက်လာတော့ စိုက်ခင်းတွေနဲ့ ပတ်သက်လို့၊ စိုက်ခင်းကလည်း အခုထွက်လာ တော့မယ့် သစ်တွေနဲ့ ပတ်သက်လို့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတာများရှိရင် ဖိတ်ခေါ်ပါ တယ်။
ဦးစိုင်းမျိုးဝင်း ။ ။ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ စိုက်ခင်း လုပ်ငန်းရှင်တွေ စိုက်ပျိုးလာအောင် နည်းလမ်းတွေအများကြီး စဉ်းစားပြီးတော့ ဖြေလျှော့ပေး ပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်တော် တို့နိုင်ငံမှာ အခက်အခဲတစ်ခုရှိတာက ကျွန်တော် တို့ စိုက်ပျိုးတဲ့မြေဟာဆိုရင် ကိုယ်ပိုင်မြေ မဟုတ် ပါဘူး။ သစ်တောဦးစီးဌာနကနေ ငှားရမ်းပြီး စိုက်ပျိုးတယ်။ ဒါမှမဟုတ်လည်း အစောပိုင်းက တင်ပြသလို မြေလွတ်မြေရိုင်းတွေကို ငှားရမ်းပြီး စိုက်ပျိုးတယ်။ စိုက်ပျိုးတဲ့အခါမှာ မြေပိုင်ဆိုင်မှုဟာ ကျွန်တော်တို့ရဲ့မြေ မဟုတ်တဲ့ အတွက် ဒါကို ဘဏ် မှာ အာမခံအဖြစ်ပေးပြီးတော့မှ ချေးငွေ မရယူနိုင် ပါဘူး။
နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုအခြေအနေ မျိုးမှာ ဒီမြေကြီးပေါ်မှာရှိတဲ့ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို အာမခံ ကုမ္ပဏီတွေကနေ တန်ဖိုး ဖြတ်ပြီး လက်ခံပေးတယ်။ အာမခံပေးတဲ့ အပေါ်မှာ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ချေးငွေတွေ ခွင့်ပြုပေးတာရှိတယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်းပဲ နိုင်ငံတကာမှာလို နည်းလမ်းတွေ ကျင့်သုံးပြီးတော့ ချေးငွေကို စိုက်ခင်းလုပ်ငန်းရှင် တွေအတွက် ခွင့်ပြုပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော် တို့နိုင်ငံမှာ စိုက်ပျိုးရေး ဟာ ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာနိုင်မှာဖြစ်ပါတယ်။
ဦးကျော်ကျော်လွင်။ ။ ကျွန်တော်တို့ ဘဏ်စနစ်တွေကို ကြိုးစားပြီးတော့ ညှိနှိုင်းနေတယ်။ ငွေကို ချေးလို့ရအောင်၊ သစ်တောစိုက်ခင်းမှာ ရင်းနှီးမြှုပ်နှံမှုဆိုတာ နှစ်ရှည် ကြာတယ်။ အခုကျွန်း ဆိုရင် အနှစ်၃ဝ ပေးတယ်။ ပေါင်းပေါင်းပြီး ဆက်လုပ်ရမယ်။ ကျွန်းသစ်လုံး ထွက်တဲ့အထိပါ။ အခုတော့ ၁၂ နှစ်တာ ကာလဆိုတော့ ကြားဖြတ်တောထွက်တွေလည်း ထွက်လာ ပါပြီ။ ဒါတွေနဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ဈေးကွက်အခြေအနေကို ဆွေးနွေး ပေးပါဦး။
ဦးစိုင်းမျိုးဝင်း ။ ။ အစောပိုင်း စိုက်ပျိုးတဲ့ စိုက်ခင်းတွေဟာ အခုချိန်မှာ ကြားဖြတ်ဝင်ငွေ ရရှိနိုင်တဲ့ မျောတို့၊ တိုင်တို့ ထွက်ရှိလာပါပြီ။ ထွက်ရှိလာတဲ့အခါမှာ ကျွန်တော် တို့နိုင်ငံမှာ ဒါတွေကို အသုံးပြုပြီးတော့ ပရိဘောဂ တို့ ထုတ်လုပ်တာတွေက နောင်တစ်ချိန်မှာတော့ ဖွံ့ဖြိုးလာမှာပါ။ အခုချိန်မှာတော့ အစပိုင်းလည်း ဖြစ်တဲ့အခါကျတော့ ပြည်တွင်းမှာ ဈေးကွက် အားနည်းနေပါတယ်။ အားနည်းနေတဲ့အတွက် စိုက်ခင်းကနေပြီး တော့ ထွက်ရှိလာတဲ့ မျောတို့၊ တိုင်တို့ကို ပြည်ပကို အလုံးလိုက် တင်ပို့ခွင့်ပြုမယ်ဆိုရင် ကြားဖြတ်ဝင်ငွေရရှိမှာ ဖြစ်တဲ့အတွက် စိုက်ခင်းသမားတွေအတွက် ဒါဟာ အထောက် အပံ့အများကြီးဖြစ်ပါတယ်။
ဦးကျော်ကျော်လွင် ။ ။ ပုဂ္ဂလိကတင် မကဘူး။ကျွန်တော်တို့ နိုင်ငံတော်အတွက် ပါပါတယ်။ အခုထွက်လာတဲ့ တိုင်၊ မျော တွေကို ဆေးသွင်းတာတွေ၊ ပြုပြင်တာတွေအတွက် နည်းပညာ ပိုင်းဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းတယ်။ နည်းတော့ ဒါကို အလုံးလိုက်တင်ပို့ချင် တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သစ်တောဦးစီးဌာနက ကျွန်းစိုက်ခင်းက ပိုစိုက်လာခဲ့တော့ အဲဒီ ဟာတွေပါ ဈေးကွက်မရှိဘူး။ ဈေးကွက်မရှိဘူးဆို တော့ ကျွန်တော်တို့ နိုင်ငံတော်ပိုင် စိုက်ခင်း ရော၊ ပုဂ္ဂလိကပိုင် စိုက်ခင်းရောက ထွက်လာတဲ့ ဒီကျွန်း သစ်တွေ၊ သစ်မာတွေကို အလုံးလိုက် ပြည်ပ တင်ပို့ခွင့်ပြုဖို့ ဦးစိုင်းမျိုးဝင်းက တောင်းဆိုတယ်။ ကျွန်တော်တို့ဘက်ကလည်း စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။
ကျွန်တော်တို့ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မူအားဖြင့် သဘောတူပြီးသား။ နိုင်ငံတော်ရဲ့ Policy ဖြစ် တော့ အထက်ကို တင်ပြပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အကြောင်း ကျွန်တော့်ရဲ့ သမိုင်းတစ်လျှောက်လုံး သဘာဝတောကပဲ သစ်ထုတ်လာခဲ့ တာ။ ဒီနှစ် ၂ဝ၁၈ ခုနှစ် သစ်ထုတ်ရာသီမှာတော့ ကျွန်း တန် ၁၅ဝဝဝ ထုတ်ပါမယ်။ တန် ၁၅ဝဝဝ ကို ၇ဝ ရာခိုင် နှုန်းကို သဘာဝတောထဲက အနှစ် ၁ဝဝ အထက် ကန့်သတ် ရင်စို့လုံးပတ် ၆ ပေ ၆ လက်မအထက် သဘာဝကျွန်းပင်ကြီးကို ၇ဝ ရာခိုင်နှုန်းပဲ ခုတ်လှဲ ပါမယ်။ သစ်တော ဦးစီးဌာနရဲ့ ဌာနပိုင်စိုက်ခင်းက ၃ဝ ရာခိုင်နှုန်း ကျွန်းကိုထုတ်ပါမယ်။
အဲဒီကျွန်းကို သဘာဝတောကထွက်လာတဲ့ ကျွန်းကိုတော့ ဒီမှာ ပဲ ခွဲစိတ်ပြုပြင်ပြီးမှ တရားဝင်သစ် မှန်ကန် ကြောင်း ထောက်ခံချက်နဲ့အတူ နိုင်ငံခြားကို တင်ပို့ရပါတယ်။ တရားဝင်သစ် မှန်ကန်ကြောင်း ပြောနိုင်တယ် ဆိုရင် ဥရောပဈေးကွက်က အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့လို ဈေးကွက်ထက်စာရင် ဈေးကောင်း ပိုရတယ်။ ဒါပေမယ့် အဲဒီမှာ တရားဝင်သစ် ထောက်ခံချက်က အရေးကြီးတယ်။ ဒီအတွက် လုပ်နေပါတယ်။ ကျွန်တော်တို့ စိုက်ခင်းကသစ်ကို တရားဝင်သစ်ဖြစ်ကြောင်း နောက်ကြောင်းပြန် လိုက်ဖို့က အလွန်လွယ် တယ်။ မှတ်တမ်းမှတ်ရာ အပြည့်အစုံရှိတော့၊ နောက်ကြောင်းပြန် အစစ် ဆေးကို ခံနိုင်တော့ ‘ဒီစိုက်ခင်းကထွက်တဲ့ သစ် ဆိုရင် ပြည်ပနိုင်ငံတွေအထိ export လုပ်နိုင်တယ်။ ဦးစိုင်းမျိုးဝင်း တို့ ဆွေးနွေးသွားသလို ငယ်ရွယ်တဲ့ တိုင်၊ မျောတွေမှာ ဆေးသွင်းဖို့လိုအပ်တာမှာ နည်းပညာ မဖွံ့ဖြိုးသေးရင် ဒါတွေကိုတော့ သစ် အလုံးလိုက် တင်ပို့ဖို့ လိုမှာပါ။ ရဖို့လည်း ဆောင်ရွက် နေပါတယ်။
ဦးခွန်အောင်စိုး ။ ။ အဲဒီ ကျွန်းမျောတွေက ကျွန်တော်တို့ ဆီမှာသာသိပ်အသုံးမဝင်တာ နိုင်ငံခြားမှာ အလွန် အသုံးဝင်တယ်။ ကျွန်းသည် ပင်လယ်ရေငန်ကို ခံနိုင်ရည် ရှိတယ်။ ကျွန်တော်တို့ ဆီမှာ ကျွန်းမျောထွက်လာ ရင် အများကြီးထွက်လာတော့ လေလံပစ်တာတောင် ဝယ်မယ့်သူမရှိပါဘူး။ နိုင်ငံခြားမှာ တော်တော် တန်ဖိုးရှိတယ်။ ဒါမျိုးကို တန်ဖိုးရှိတဲ့ နိုင်ငံကို ပို့လိုက်ရင် ရင်းနှီးမတည်ပြန်ရပါတယ်။
ဦးကျော်ကျော်လွင် ။ ။ ဒါကတော့ နိုင်ငံတော်ရဲ့ မူဝါဒတစ်ခု ဖြစ်ပါတယ်။ နိုင်ငံပိုင်စိုက်ခင်းကြီး တွေက ထွက်နေတဲ့ ပင်ကျပ်တွေက ပိုများသေးတယ်။ ပင်ကျပ်တွေက ထွက်လာတယ်၊ ဈေးကွက်ကမရှိ။ နောက်ဆုံး အနီးနား ကျေးရွာသူ ရွာသားတွေကို ထင်းအဖြစ် ဝေလိုက်ရ တယ်။ ဒါကိုသာ export ဆိုတဲ့ ကိစ္စဆိုရင် သစ်တောကဏ္ဍက စိုက်ခင်းကျွန်းနဲ့ သစ်မာကို အလုံးလိုက် export ပြုမယ်ဆိုရင် ပုဂ္ဂလိက ကဏ္ဍနဲ့ နိုင်ငံတော် ကဏ္ဍအတွက် ဝင်ငွေအများကြီး ဖြစ်လာမယ့်အတွက်ကြောင့် ဈေးကွက်ကျယ်ပြန့် လေ၊ ဈေးရလေပါပဲ။
အစီအစဉ်မှူး ။ ။ မြန်မာစီးပွားရေးလုပ်ငန်း ရေရှည် ဖွံ့ဖြိုးဖို့ အတွက်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍနဲ့ ဘယ်လို ဆက်စပ်ပြီး ဆောင်ရွက်နေတယ်ဆိုတာကို ဆရာ ရှင်းပြပေး ပါဦး။
ဒေါက်တာဆန်းဦး ။ ။ မြန်မာနိုင်ငံရော၊ ကမ္ဘာမှာပါ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ လမ်းကြောင်းကို သွားနေတာပါ။ အဲဒီလိုသွားတဲ့နေရာမှာ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ အဓိက မဏ္ဍိုင်ကြီးသုံးရပ်ကို ဟန်ချက်ညီညီနဲ့ တစ်ခုနဲ့တစ်ခု ထိန်းကျောင်းပြီးတော့မှ သွားနေရတဲ့ အနေ အထားကို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လက်ခံ လိုက်ပြီဖြစ်ပါတယ်။ ဒီမဏ္ဍိုင်ကြီးသုံးခုထဲက တစ်ခုခု ချွတ်ယွင်းမယ်၊ နည်းနည်းယိမ်းယိုင် သွားမယ်ဆိုရင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ရဖို့ရာ အင်မတန် ခဲယဉ်းတယ် ဆိုတာ သိရှိပြီးသား ဖြစ်တယ်။
ဒါကြောင့် နိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ ကဏ္ဍကို ထည့်သွင်းပေါင်းစပ်ဖို့အတွက် စတင်ဆောင်ရွက် လာတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ အမျိုးသားပတ်ဝန်းကျင်မူဝါဒကို ချမှတ်ခဲ့တယ်။ ဒီမူဝါဒရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံသားတစ်ရပ်လုံးရဲ့ အကျိုးစီးပွား ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ သူ/ နိုင်ငံသားအားလုံးရဲ့ ကျန်းမာပျော်ရွှင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်ပြီး ပတ်ဝန်း ကျင်ကဏ္ဍကို ထည့်သွင်းပေါင်းစပ်ပြီး ဆောင်ရွက်ဖို့ ဖြစ်တယ်။
ချမှတ်ခဲ့တဲ့ မူဝါဒကနည်းတယ်။ အနှစ်သာရတော့ ပြည့်တယ်။ သို့သော်လည်းပဲ ပြန်ပြီး မွမ်းမံဖို့လို တယ်။ အဓိကအားဖြင့် ဒီမူဝါဒချမှတ်ပြီးတော့မှ ဘယ်လိုဗျူဟာတွေနဲ့ သွားမလဲ။ ဘယ်လို လုပ်ငန်း စဉ်တွေနဲ့ အကောင်အထည်ဖော်ရမလဲဆိုတာ လိုအပ်လာတာတစ်ချက်၊ နောက်တစ်ခါ ကမ္ဘာ့နိုင်ငံ တွေမှာ တစ်နေ့တခြား ကြုံတွေ့လာရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အလားအလာတွေ၊ ရာသီဥတုပြောင်း လဲမှုကြောင့် သဘာဝဘေး အန္တရာယ်တွေ ကြုံလာဖို့ ကိစ္စတွေရှိတယ်။ ဒီလို ကျော်လွှားဖို့အတွက် နိုင်ငံ တွေအချင်းချင်းအကြားမှာ ကတိကဝတ်ယူပြီး တော့မှ သဘောတူညီချက်စာချုပ်တွေ လက်မှတ် ထိုးတယ်။
ဒီလိုကိစ္စတွေ ပေါ်ပေါက်လာတဲ့အတွက် ကြောင့် ၂ဝ၁၅ အောက်တိုဘာလက ပြန်ပြီးသုံးသပ် တယ်။ ဒီမူဝါဒအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ ကဏ္ဍကို ထည့်သွင်းပေါင်းစပ်ပြီး စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

ရှင်မင်းနှင့်အဖွဲ့

0 comments:

Post a Comment

Popular Posts