မျက်မမြင်တွေနဲ့
ပတ်သက်တဲ့ သတင်းကို သတင်းအေဂျင်စီတစ်ခုက ဖြန့်ပါတယ်။
ပူးတွဲပါပုံကိုလည်း
ဖြန့်တဲ့အတွက် ဒီသတင်းဆောင်းပါးကို သတင်းစာ၊ ဂျာနယ် တချို့က သုံးရာမှာ ပုံကိုလည်း သုံးပါတယ်။
အများစုက ဒီပုံကိုပဲ သုံးကြတာ ဖြစ်တဲ့အတွက် ကိုယ့်ဆီမှာ မျက်မမြင်ပုံ ရိုက်ထားပြီးသား
မရှိကြဘူးလို့ ယူဆရမလိုပါပဲ။
သတင်းဌာနတွေမှာ
ပုံတွေ ရိုက်ကူးပြီး စနစ်တကျ စုဆောင်း သိမ်းဆည်းထားမယ်
ဆိုရင် အရေးပေါ် လိုအပ်ချိန်မှာ အသုံးတည့်လှပါတယ်။
ရိုက်ထားတာတွေတော့
ရှိပါရဲ့၊ သိမ်းထားတာ စနစ်မကျဘူး ဆိုရင်တော့ ကိုယ့်ပုံတွေဟာ ကွန်ပြူတာထဲပဲ ရှိနေမှာပါ။
မျက်မမြင်ပုံတွေက
ရန်ကုန်မှာ ရိုက်ကူးဖို့ အခြေအနေ ပေးတတ်ပါတယ်။
မျက်မမြင်ကျောင်းတွေရဲ့
အခမ်းအနားပွဲတွေ၊ မျက်မမြင်လမ်းလျှောက်ပွဲတွေမှာ ပုံကောင်းတွေ ရတတ်ပါတယ်။
ဆိုလိုရင်းကတော့
… ဒစ်ဂျစ်တယ်ခေတ်မှာ … ဘယ်လှုပ်ရှားမှု၊ ဘယ်အခမ်းအနားကိုမဆို မှတ်တမ်းတင်သင့်ပါတယ်။ တချိန်ချိန်မှာ
ဒီပုံတွေဟာ ကိုယ်ထုတ်မယ့် သတင်း၊ သတင်းဆောင်းပါးနဲ့အတူ တွဲသုံးနိုင်တဲ့ အခြေအနေဖြစ်လာမှာပါ။ ။
0 comments:
Post a Comment