သတင်းပြန်လည်တင်ဆက်ဖို့အတွက်
အသံဖမ်းကြတဲ့အခါ ဘောပင်၊ ခဲတံ နဲ့ မှတ်သားစရာ တခုခု ဆောင်ထားသင့်ပါတယ်။
ဘာကြောင့်များလဲ။
ကိုယ်အသံဖမ်းတဲ့
အင်တာဗျူး၊ မိန့်ခွန်း၊ ရှင်းလင်းချက်တွေက နာရီဝက်မက ကြာချင် ကြာတတ်ပါတယ်။
ကိုယ့်သတင်းအတွက်
အသုံးဝင်မှာက ငါးမိနစ်စာပဲ ဖြစ်တတ်ပါတယ်။ တခါတတ်လည်း တမိနစ်စာပဲ ဖြစ်တတ်ပါတယ်။
သတင်းပြန်တည်ဆောက်၊
ရေးသားတဲ့အခါ လိုအပ်တဲ့ ပြောစကား အတိအကျကို ရဖို့အတွက် အသံဖိုင်ကို ပြန်နားထောင်ရပါပြီ။
ရှည်ရှည်လျားလျား
အသံဖမ်းထားတာတွေဆိုရင် လိုရင်းရဖို့ အချိန်အတော်ကြာပါလိမ့်မယ်။
အကြံပေးချင်တာကတော့
အသံလည်းဖမ်း၊ အာရုံစိုက်ပြီးလည်း နားထောင်ဖို့ပါပဲ။
ပြောစကားထဲမှာ ကိုယ့်သတင်းအတွက် သင့်တော်တာ ပါတယ်ဆိုရင် အသံဖမ်းစက်မှာ ပေါ်လာတဲ့ မိနစ်၊ စက္ကန့်ကို မှတ်သားပါ၊ သူဘာပြောတယ်ဆိုတာကို အတိုချုပ် ရေးလိုက်ပါ။
ပြောစကားထဲမှာ ကိုယ့်သတင်းအတွက် သင့်တော်တာ ပါတယ်ဆိုရင် အသံဖမ်းစက်မှာ ပေါ်လာတဲ့ မိနစ်၊ စက္ကန့်ကို မှတ်သားပါ၊ သူဘာပြောတယ်ဆိုတာကို အတိုချုပ် ရေးလိုက်ပါ။
ဒါဆိုရင်
သတင်း တည်ဆောက်၊ ရေးသားတဲ့အခါ အသံဖိုင်ကို အစအဆုံးနားထောင်ရ၊ လိုချင်တာ ခက်ခက်ခဲခဲ
ရှာဖွေရတဲ့ဒုက္ခကနေ လွတ်ပါပြီ။
အသံဖိုင်ကို
ကွန်ပြူတာထဲထည့်နားထောင်သူဆိုရင် ဒီနည်းက ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ရေးမှတ်စရာ
မပါဘူးဆိုရင်?
ရေးစရာ အဆင်သင့်မရှိဘူးဆိုရင်
လုပ်သင့်တာက ကိုယ့်သတင်းအတွက် သင့်တော်တဲ့၊ ကောင်းတဲ့ ပြောစကား ပြီးသွားရင် အသံဖမ်းစက်ကို
ပိတ်လိုက်ခြင်းပါပဲ။
ပိတ်ပြီးတာနဲ့
အသံဖမ်းတဲ့ခလုတ်ကို ပြန်ဖွင့်ပြီး အသံဆက်ဖမ်းပေါ့။
ကိုယ်ယူသုံးမယ့်
ပြောစကားက အသံဖိုင်ရဲ့ အဆုံးသတ်နားမှာဆိုတာကို မှတ်ထားရင် ပြန်ရှာနားထောင်ရတာ အဆင်ပြေပါပြီ။
-----
တယ်လီဖုန်းဆက်
အင်တာဗျူးပြီး အသံဖမ်းတဲ့အခါလည်း တဘက်လူက ရှည်ရှည်လျားလျား ပြောနေတယ် ဆိုရင် အထက်ပါနည်းကို
သုံးသင့်ပါတယ်။
ရုပ်သံကင်မရာသမားတွေလည်း
ဒီနည်းကို သုံးသင့်ပါတယ်။ ပြန်တည်းဖြတ်တဲ့အခါ
အဲဒီ ဂဏန်းတွေကြောင့် အချိန်ကုန် သက်သာပါလိ့မ်မယ်။
တချို့သတင်းထောက်တွေက
အသံဖမ်းခလုတ်နှိပ်ပြီး တယောက်ယောက်နဲ့ စကားသွားပြော၊
ဓာတ်ပုံလိုက်ရိုက်၊ ဖုန်းဆက်တာမျိုး လုပ်တတ်ပါတယ်။ သူတို့တွေက ဒီနည်းလမ်း မသိသေးတဲ့သူ
ဖြစ်နိုင်ပါတယ်။
ReplyDeleteGreat post and success for you..
Kontraktor Pameran
Kontraktor Booth Pameran
Kontraktor Booth Pameran
Jasa Pembuatan Booth
ReplyDeleteGreat post and success for you..
Kontraktor Pameran
Kontraktor Booth Pameran
Jasa Pembuatan Booth
Kontraktor Pameran
Jasa Pembuatan Booth Pameran
The workpiece then Heated Blanket moves past the cutter so that chips could also be} sliced off. The short answer is greater than we might probably go into here, but let’s attempt to cowl a number of the} major categories of the commonest kinds of CNC Machines. We will focus on each machine individually and inform you what the machine is and type of|what sort of} CNC Machining it does.
ReplyDelete