Monday, March 18, 2019

Coming Soon!

HL News Agency ကနေ သတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။


Friday, August 3, 2018

meeting Harvest

ရိတ်သိမ်းခြင်းဧ၀ံဂေလိ သာသနာလုပ်ငန်းရန်ကုန်မှာ Basic Journalism နဲ့ CJ အကြောင်း ပို့ချပေးဖြစ်ခဲ့ပါတယ်။ သြဂုတ် ၁ နဲ့ ၂ ရက်နေ့တွေမှာပါ။ မူးယစ်ဆေးဝါး ဖြတ်ဖို့ ဆုံးဖြတ်ထားကြတဲ့ လူငယ်တွေကို ရှယ်ယာရင်း လုပ်ပေးတာပါ။ နောက်ထပ် ၂ ရက်သွားရောက် ပို့ချပေးဦးမှာပါ...

Sunday, September 17, 2017

အခြေခံသင်တန်းတစ်ခု


ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းမီဒီယာသင်တန်းမှာ 51 Media House ရဲ့ နည်းပြ တစ်ယောက်က သုံးရက် ပို့ချခဲ့ပါတယ် (ဓာတ်ပုံ - ကံထွန်း)

Friday, July 7, 2017

အသံဖမ်းမယ်၊ နံပတ်လည်း မှတ်မယ်


သတင်းပြန်လည်တင်ဆက်ဖို့အတွက် အသံဖမ်းကြတဲ့အခါ ဘောပင်၊ ခဲတံ နဲ့ မှတ်သားစရာ တခုခု ဆောင်ထားသင့်ပါတယ်။
ဘာကြောင့်များလဲ။

ကိုယ်အသံဖမ်းတဲ့ အင်တာဗျူး၊ မိန့်ခွန်း၊ ရှင်းလင်းချက်တွေက နာရီဝက်မက ကြာချင် ကြာတတ်ပါတယ်။

ကိုယ့်သတင်းအတွက် အသုံးဝင်မှာက ငါးမိနစ်စာပဲ ဖြစ်တတ်ပါတယ်။ တခါတတ်လည်း တမိနစ်စာပဲ ဖြစ်တတ်ပါတယ်။

သတင်းပြန်တည်ဆောက်၊ ရေးသားတဲ့အခါ လိုအပ်တဲ့ ပြောစကား အတိအကျကို ရဖို့အတွက် အသံဖိုင်ကို ပြန်နားထောင်ရပါပြီ။

ရှည်ရှည်လျားလျား အသံဖမ်းထားတာတွေဆိုရင် လိုရင်းရဖို့ အချိန်အတော်ကြာပါလိမ့်မယ်။

အကြံပေးချင်တာကတော့  အသံလည်းဖမ်း၊ အာရုံစိုက်ပြီးလည်း နားထောင်ဖို့ပါပဲ။
ပြောစကားထဲမှာ ကိုယ့်သတင်းအတွက် သင့်တော်တာ ပါတယ်ဆိုရင် အသံဖမ်းစက်မှာ ပေါ်လာတဲ့ မိနစ်၊ စက္ကန့်ကို မှတ်သားပါ၊ သူဘာပြောတယ်ဆိုတာကို အတိုချုပ် ရေးလိုက်ပါ။ 
ဒါဆိုရင် သတင်း တည်ဆောက်၊ ရေးသားတဲ့အခါ အသံဖိုင်ကို အစအဆုံးနားထောင်ရ၊ လိုချင်တာ ခက်ခက်ခဲခဲ ရှာဖွေရတဲ့ဒုက္ခကနေ လွတ်ပါပြီ။
အသံဖိုင်ကို ကွန်ပြူတာထဲထည့်နားထောင်သူဆိုရင် ဒီနည်းက ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ရေးမှတ်စရာ မပါဘူးဆိုရင်?
ရေးစရာ အဆင်သင့်မရှိဘူးဆိုရင် လုပ်သင့်တာက ကိုယ့်သတင်းအတွက် သင့်တော်တဲ့၊ ကောင်းတဲ့ ပြောစကား ပြီးသွားရင် အသံဖမ်းစက်ကို ပိတ်လိုက်ခြင်းပါပဲ။
ပိတ်ပြီးတာနဲ့ အသံဖမ်းတဲ့ခလုတ်ကို ပြန်ဖွင့်ပြီး အသံဆက်ဖမ်းပေါ့။
ကိုယ်ယူသုံးမယ့် ပြောစကားက အသံဖိုင်ရဲ့ အဆုံးသတ်နားမှာဆိုတာကို မှတ်ထားရင် ပြန်ရှာနားထောင်ရတာ အဆင်ပြေပါပြီ။
-----
တယ်လီဖုန်းဆက် အင်တာဗျူးပြီး အသံဖမ်းတဲ့အခါလည်း တဘက်လူက ရှည်ရှည်လျားလျား ပြောနေတယ် ဆိုရင် အထက်ပါနည်းကို သုံးသင့်ပါတယ်။
ရုပ်သံကင်မရာသမားတွေလည်း ဒီနည်းကို သုံးသင့်ပါတယ်။  ပြန်တည်းဖြတ်တဲ့အခါ အဲဒီ ဂဏန်းတွေကြောင့် အချိန်ကုန် သက်သာပါလိ့မ်မယ်။


တချို့သတင်းထောက်တွေက အသံဖမ်းခလုတ်နှိပ်ပြီး  တယောက်ယောက်နဲ့ စကားသွားပြော၊ ဓာတ်ပုံလိုက်ရိုက်၊ ဖုန်းဆက်တာမျိုး လုပ်တတ်ပါတယ်။ သူတို့တွေက ဒီနည်းလမ်း မသိသေးတဲ့သူ ဖြစ်နိုင်ပါတယ်။ 

Monday, May 22, 2017

လှုပ်လှုပ်ရှားရှား


 

ရန်ကုန်၊  ဒဂုံမြို့သစ်မြောက်ပိုင်းမှာ မေလလယ်ပိုင်းက ပြုလုပ်တဲ့ အခြေခံစာနယ်ဇင်းသင်တန်း တက်ရောက်ကြသူများ
============

တနေကုန် ဆွေးနွေး လေ့လာကြတဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေမှာ ဂိမ်းတွေ ဘာကြောင့် ထည့်ကြသလဲ။
အိပ်ငိုက်ပြေအောင် ထည့်ကြတာပါ။
တချို့သော ကစားနည်းတွေကတော့  သင်ခန်းစာတွေ ထုတ်ယူလို့ ရတာပေါ့။ ကစားပြီးတဲ့အခါ ဘယ်လို သင်ခန်းစာတွေ ရကြသလဲ ဆိုတာကို နည်းနည်းပါးပါး ဆက်ဆွေးနွေးကြပါတယ်။

ကစားနည်းတိုင်းကနေတော့ သင်ခန်းစာ မထုတ်ကြပါဘူး။
သင်တန်း/ဆွေးနွေးပွဲ တက်ရောက်သူ အားလုံး ပါဝင်သင့်ပါတယ်။
သို့သော်လည်း အသက်အရွယ်အရ၊ ကျန်းမာရေးအရ စသဖြင့် အကြောင်းပြပြီး ပါဝင်လိုခြင်း မရှိဘူး လို့ ပြောလာရင် ... သူ့ဆန္ဒကို လေးစားရမှာပါ။



Tuesday, May 16, 2017

ရေပုလင်း


မေလလယ်ပိုင်းက ပဲခူးဘက်မှာ ပြုလုပ်တဲ့ အခြေခံစာနယ်ဇင်းသင်တန်း မြင်ကွင်းတစ်ခု။

နွေရာသီမှာ ရေ လုံလုံလောက်လောက် သောက်သင့်ပါတယ်။
ဘယ်လုပ်ငန်းကိုပဲ လုပ်ကိုင်သည်ဖြစ်စေ.. ကျန်းမာရေးကောင်းမှ  ဆောင်ရွက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းမှာ ရေပုလင်းတွေ အများအပြား အသုံးပြုဖြစ်ပါတယ်။
နောင် လာမယ့် သင်တန်းတွေမှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကနေ စဉ်းစားပြီး... ရေသောက်နိုင်ကြဖို့ စီစဉ်လိုပါတယ်။


Thursday, April 27, 2017

ဓာတ်ပုံ


 

မျက်မမြင်တွေနဲ့ ပတ်သက်တဲ့ သတင်းကို သတင်းအေဂျင်စီတစ်ခုက ဖြန့်ပါတယ်။
ပူးတွဲပါပုံကိုလည်း ဖြန့်တဲ့အတွက် ဒီသတင်းဆောင်းပါးကို သတင်းစာ၊ ဂျာနယ် တချို့က သုံးရာမှာ ပုံကိုလည်း သုံးပါတယ်။ အများစုက ဒီပုံကိုပဲ သုံးကြတာ ဖြစ်တဲ့အတွက် ကိုယ့်ဆီမှာ မျက်မမြင်ပုံ ရိုက်ထားပြီးသား မရှိကြဘူးလို့ ယူဆရမလိုပါပဲ။
သတင်းဌာနတွေမှာ ပုံတွေ ရိုက်ကူးပြီး  စနစ်တကျ စုဆောင်း သိမ်းဆည်းထားမယ် ဆိုရင် အရေးပေါ် လိုအပ်ချိန်မှာ အသုံးတည့်လှပါတယ်။
ရိုက်ထားတာတွေတော့ ရှိပါရဲ့၊ သိမ်းထားတာ စနစ်မကျဘူး ဆိုရင်တော့ ကိုယ့်ပုံတွေဟာ ကွန်ပြူတာထဲပဲ ရှိနေမှာပါ။
မျက်မမြင်ပုံတွေက ရန်ကုန်မှာ ရိုက်ကူးဖို့ အခြေအနေ ပေးတတ်ပါတယ်။
မျက်မမြင်ကျောင်းတွေရဲ့ အခမ်းအနားပွဲတွေ၊ မျက်မမြင်လမ်းလျှောက်ပွဲတွေမှာ ပုံကောင်းတွေ ရတတ်ပါတယ်။
ဆိုလိုရင်းကတော့ … ဒစ်ဂျစ်တယ်ခေတ်မှာ … ဘယ်လှုပ်ရှားမှု၊ ဘယ်အခမ်းအနားကိုမဆို မှတ်တမ်းတင်သင့်ပါတယ်။ တချိန်ချိန်မှာ ဒီပုံတွေဟာ ကိုယ်ထုတ်မယ့် သတင်း၊ သတင်းဆောင်းပါးနဲ့အတူ တွဲသုံးနိုင်တဲ့ အခြေအနေဖြစ်လာမှာပါ။    ။


Saturday, April 22, 2017

စာကြည့်တိုက်မှူးများနဲ့အတူ



ဒီနေ့ ရန်ကုန်မှာ Myanmar Book Aid and Preservation Foundation (MBAPF) အဖွဲ့က ပြုလုပ်တဲ့ သင်တန်းကို တက်ရောက်လာတဲ့ အနယ်နယ် အရပ်ရပ်က စာကြည့်တိုက်မှူးတွေနဲ့  အခြေခံ စာနယ်ဇင်းပညာအကြောင်း ဆွေးနွေးဖြစ်ပါတယ်။

Saturday, November 19, 2016

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဂျာနယ်


တောင်ဥက္ကလာ၊ မြင်သာမှာ ရှိတဲ့ Myanmar Business Today အပတ်စဉ်ထုတ် ဂျာနယ်ရုံး။
အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဂျာနယ်ပါ။
သို့သော်လည်း သတင်းတွေ၊ ဆောင်းပါးတွေကို မြန်မာဘာသာနဲ့လည်း အကျဉ်းချုပ်သဘောမျိုး ဖော်ပြပါတယ်။
စီးပွားရေးသတင်းတွေ ဦးစားပေးပါတယ်။

ဒီဂျာနယ်က သတင်းထောက်တွေနဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ တွေ့ဆုံပြီး စာနယ်ဇင်းအကြောင်းအရာတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။


သတင်းရင်းမြစ်များအကြောင်း အဓိကထား ဆွေးနွေးဖြစ်ပါတယ်။
သတင်းရင်းမြစ်များအကြောင်း အဓိကထား ဆွေးနွေးဖြစ်ပါတယ်။

Tuesday, February 16, 2016

မကွေး



မကွေးဒေသ CSO တွေကို ပေးတဲ့ မီဒီယာသင်တန်း မြင်ကွင်းတစ်ခု ။ ၂ဝ၁၅ ဇန်နဝါရီ ၃၀။

စာကြည့်တိုက်ဖွင့်ပွဲ အမှတ်တရ အနွေးထည်ကို သဘောကျတဲ့အတွက် ရိုက်ထားတဲ့ပုံ။

Thursday, February 11, 2016

ရွှေဘို


စစ်ကိုင်းတိုင်းဒေသကြီးထဲက ရွှေဘိုနဲ့ အနီးဝန်းကျင်က အရပ်ဘက်လူမှုအဖွဲ့များ တက်ရောက်တဲ့ သတင်း နဲ့ အစီရင်ခံစာ ရေးသားနည်း သင်တန်း မြင်ကွင်းတစ်ခု။ ၂ဝ၁၆ ဇန်နဝါရီ ၂ ရက်နေ့။

ကြိုးစားအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့သင်တန်းတွေထဲက တစ်ခုပါပဲ။

သင်တန်းနဲ့ ဝါးနှစ်ရိုက်လောက်အကွာမှာရှိတဲ့ အလှူခံမဏ္ဍပ်ကလည်း နောက်ခံတေးဂီတနဲ့ အထောက်အကူ ပေးပါတယ်။ အဲဒါကလွဲလို့ တခြား အနှောက်အယှက် မရှိဘူးလို့ ဆိုရပါမယ်။

ဇန်နဝါရီလဆန်းပိုင်း ရွှေဘို ဆောင်းတွင်းကတော့ ဆောင်းပီသတဲ့ အအေးဓာတ်ရှိတာ သတိထားမိပါတယ်။     ။

Wednesday, November 25, 2015

မီဒီယာသင်တန်းဆရာ/ဆရာမ

ရန်ကုန်မှာ လက်ထောက်သင်တန်းနည်းပြ အလိုရှိပါတယ် တဲ့၊ BBC Media Action က။
သူတို့ရဲ့ အလုပ်ခေါ်စာကြော်ငြာကို ထပ်ဆင့် ဖြန့်ပေးလိုက်ပါတယ်။

၈ လ လုပ်ရမယ်လို့ ဆိုတယ်။ လျှောက်လွှာပိတ်ရက်က လာမယ့် တနင်္ဂနွေဖြစ်ပါကြောင်း။ (photo - Business Insider)


BBC MEDIA ACTION
TRANSFORMING LIVES THROUGH MEDIA
AROUNDTHEWORLD

Title: Media Trainer / Assistant Trainer
Reports To: Senior Trainer
BBC Grade: 7/6
Based: Yangon, Myanmar
Duration: 8 months (renewable). Fixed term contract/attachment.

Job Description

Context
BBC Media Action uses various forms of media and communications to tackle poverty and contribute to long-term change in some of the world's poorest places. To achieve this, we partner with civil society, local media and governments to:

- Produce creative programmes in multi-media formats which inform and engage audiences around key development issues.
- Strengthen the media sector through building professional capacity and infrastructure.

BBC Media Action's office in Myanmar opened in January 2013, and it is rapidly growing. Supported
by funds from the UK Department for lnternational Development and other donors, BBC Media Action
delivers training and development for the broadcast sector in Myanmar. Our current and future
training projects are likelyto include radio and TVtraining and coaching, specialised journalist
training, and mobile skills training with journalists and CSOs. We are seeking another Trainer/
Assistant Trdiner from Myanmar to be part of our growing team.

NOTE; The applicant's experience and skills level will determine whether (s)he is considered for the Trainer or Assistant Trainer position.

Job Purpose
The Media Trainer/ Assistant Trainer will cdntribute to the design and implementation of BBC Media Action's journalism training throughout Myanmar. With the support of the Senior Trainer and the rest of the team, s/he will help run training and coaching with state and independentjournalists on editorial, genre-specific and technical skills. The team is based in Yangon but the work is likely to involve regular training and coaching in other parts of the country.

Main Duties
- Provide editorial and technical training to support the development of MRTV's news €nd current affairs operations as part of its transition towards a public service broadcaster.

-  Work with the training team to plan and deliver workshops for independent media personnel, on a range of technical, editorial and genre-specific skills.

-  Support the training team in delivering Lifeline training in Myanmar - to help improve communications in times of humanitarian crisis.

- Ensure training meets BBC standards, and delivers to project objectives and donor requirements. *"

- Support programme-makers to use findings from audience research and feedback to refine and improve programme outputs in response to audience needs.

-  Assist with project co-ordination, including work planning, budgets, ensuring health and safety of project staff, and liaising with project donors and partners as required.

- Write and contribute to reports on project implerhentation.

-  Support the management team in business development of new projects.

-  Travel regularly within Myanmar when necessary and sometimes at short notice.

Essential skills and experience
-  Substantialjournalism experience - particularly in producing news and current affairs output.
-  Experience working in TV news / current affairs and ideally also radio.
- Video filming and editing skills.
- Experience providing training in journalism and production skills - for Trainer posltion. lf an app/icant has no significant training experience, we would hire them as Assistant Trainer and train them up.
- An understanding of BBC editorial values.
- Good interpersonal, communication and influencing skills.
- Experience of operating effectively in politically sensitive and fluid environments.
- Considerable patience and resilience, inc. ability to work in remote locations for extended periods.
- Good written and spoken English and Burmese.

Desirable skills and experience
- Skills and interest in technical areas, including video filming and editing, mobile phone skills
- Additional experience in print and online media.
- Experience working in the development sector.
- An understanding of the role of communications in development.

Successful candidates are expected to demonstrate these competencies.

-  lnfluencing and Persuading: Ability to present sound / well-reasoned arguments to convince others.
- Managing Relationships: Capacity for team-working, and building effective working relationships with a range of people from different backgrounds.
- Communication: Ability to get one's message understood clearly through multiple techniques.
- lmagination/Creative Thinking: An aptitude for looking at existing situations and problems in novel ways and coming up with creative solutions.
- Planning and Organising: Ability to prioritise and plan activities, taking into account all the relevant issues and factors such as deadlines, staffing and resources requirements.
- Flexibility: Ability to understand and appreciate different and opposing perspectives on an issue, to adapt an approach as the requirements of a situation change.

TO APPLY
Please e-mail your application to hr.myanmar@bbcmediaaction.org by 29th November. Applications should include the following documents only:
1) Your CV
2)A cover letter providing evidence that you have the skills and experience required -,

Shortlisted candidates onlywill be contacted within 7 days of the deadline and may be asked to send copies of their radio/ TV work. Shortlisted candidates must be available for interview between 7th and 14th December. For further information, please contact BBC Media Action at 01 54 54 55.

Application Deadline: 29th November
     

Sunday, November 22, 2015

CJ တွေကို အသုံးချတတ်တဲ့ CNN




 CJ  တွေကို အသုံးချတတ်သူတွေထဲမှာ အမေရိကန် သတင်းဌာနကြီး CNN  လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ သူ့ရဲ့ iReport for CNN ကနေ နိုင်ငံပေါင်းစုံက CJ  တွေရဲ့ လက်ရာများကို ထုတ်လွှင့်နေပါတယ်။ လူကြည့်များတဲ့ သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာလည်း တင်ပါတယ်။

သတင်းပို့ဖို့ဆိုရင် သူတို့ရဲ့ စာမျက်နှာ ireport.cnn.com မှာ မှတ်ပုံတင်ရပါတယ်။
သူတို့နားလည်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးရပါမယ်။
ဓာတ်ပုံ၊ ဗီဒီယို တင်သူများကတော့ အင်္ဂလိပ်လို သိပ်အားကောင်းဖို့က အဓိက ကျမယ် မဟုတ်ပါဘူး။ စာရေးတာကို ဦးစားပေးမယ် ဆိုရင်တော့  အင်္ဂလိပ်လို အားကောင်းရပါမယ်။

CNN က  ဟေတီနိုင်ငံငလျင်လိုမျိုး ထူးခြားတဲ့ ကြီးမားတဲ့ ဖြစ်ရပ်တွေကို CJ  တွေရဲ့ အားကို ယူခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်မျိုးတွေမှာ ပျောက်ဆုံးသွားသူတွေကို ရှာဖွေဖို့၊ သတင်းဖလှယ်ဖို့အတွက်လည်း iReport ကို အသုံးပြုသူ အများအပြားပါပဲ။ လူပျောက်ရှာတာ  iReport ကြောင့် ပြန်တွေ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

Thursday, November 19, 2015

CJ တွေကို သင်တန်းပေးသင့်သလား




နိုင်ငံတကာ သတင်းစာ တချို့တလေက  ရပ်ရွာထဲက သတင်းသမား (CJ) တွေရဲ့ လက်ရာတွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ နေရာပေးပါတယ်။

CJ တွေကို သင်တန်းပေးပါတယ်။  အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ လူလတ်၊ လူကြီး  CJ အရွယ်စုံကို သတင်းဘယ်လိုရေးသင့်တယ်၊ အင်တာ ဘယ်လို ဗျူးသင့်တယ် စသဖြင့် အခြေခံသင်တန်းပေးပါတယ်။

သတင်းစာ အများစုကတော့  နေရာ  မပေးပါဘူး။  တချို့ဆိုရင် သူတို့ကို သင်တန်းပေးစရာ မလိုဘူးလို့ ယူဆကြပါတယ်။  အချိန်ဖြုန်းတာပဲ တဲ့။

ဒီတော့ CJ တွေကို သတင်းဌာနတွေက သင်တန်းပေးသင့်သလား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။  အဖြေကတော့ အမျိုးမျိုးပါပဲ။

မပေးသင့်ဘူးလို့ ယူဆသူတွေထဲက တစ်ဦးကတော့ လူတိုင်းကို သတင်းသမားအဖြစ် လေ့ကျင့်ပေးလို့ မရဘူး၊ လူတွေက  သူတို့ ရပ်ရွာထဲမှာပဲ နေချင်ကြတာ၊ သတင်းသမားဖြစ်ချင်ကြတာမှ မဟုတ်တာ လို့ ဖြေပါတယ်။ ဒါကတော့ နိုင်ငံခြားက သတင်းစာတိုက် အကြီးအကဲတစ်ယောက်ရဲ့စကားပါ။

သတင်းဌာနတွေက မပေးသင့်ဘူး ဆိုတာကတော့ သဘာဝကျပါတယ်။  သတင်းဌာနဆိုတာ သင်တန်းကျောင်းမှမဟုတ်တာ။

ဒီတော့ CJ တွေကို သင်တန်းပေးတဲ့အလုပ်ကို တခြားသူတွေက လုပ်ကြပါလိမ့်မယ်။

မြန်မာပြည်မှာတော့ CJ တွေအတွက် သင်တန်းဖြစ်မြောက်ရေးကို NGO တွေက လုပ်ကိုင်နေကြပါတယ်။  NGO တွေနဲ့ အဆက်အစပ် ရှိသူတွေ တက်နေကြတာ တွေ့ရပါတယ်။

သတင်းဌာနတွေက CJ တွေကို သင်တန်းပေးသင့်သလား ဆိုတော့ ပေးရင် ကောင်းတာပေါ့လို့ ပြောရပါမယ်။

သို့သော်လည်း CJ တွေကို သင်တန်းမပေးခင် ကိုယ့်သတင်းဌာနက ဝိုင်းတော်သားတွေကို အရင်ဆုံး လေ့ကျင့် သင်တန်းပေးသင့်ပါတယ်။



Monday, December 8, 2014

CJ training in Bahmo township, Kachin State

 
ဗန်းမော်မြို့ နဲ့ အနီးဝန်းကျင်က ဒေသခံတွေ တက်ရောက်တဲ့ အခြေခံ စာနယ်ဇင်း နဲ့ CJ သင်တန်းက ၅ ရက် ကြာပါတယ်။

လက်တွေ့ ကွင်းဆင်း သတင်းလိုက်ခြင်း နဲ့ စာသင်ခန်း ဆွေးနွေးမှု မြင်ကွင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။





Thursday, May 22, 2014

basic journalism training in Myanmar Media Library, Yangon

ရန်ကုန်မြို့  Myanmar Media Library မှာ ပြုလုပ်တဲ့ အခြေခံစာနယ်ဇင်း ရက်တိုသင်တန်း။

သင်တန်းဆရာမ ၃ ဦး နဲ့ ပါဝင်တက်ရောက်သူများကို ကျေးဇူးတင်ပါတယ်။

Friday, March 28, 2014

basic journalism training


အခြေခံစာနယ်ဇင်း ရက်တို သင်တန်းအတွက် လျှောက်လွှာ ခေါ်ယူခြင်း

 


 51 Media House က ဖွင့်လှစ်မည့် အခြေခံစာနယ်ဇင်း ရက်တို သင်တန်းကို ဧပြီလ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ရန်ကုန်မြို့တွင် ပြုလုပ်ပါမည်။


 သင်တန်းသား သင်တန်းသူ အရေအတွက် - ၁၅ ဦး


သင်တန်းတက်ရောက်ရန် မည်သူမဆို လျှောက်ထားနိုင်ပါသည်။
အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိပါ။

အခမဲ့သင်တန်း ဖြစ်သည်။


လျှောက်လွှာကို ဧပြီလ ၂၁ ရက်နေ့ ညနေ ၄း၀၀ နာရီ နောက်ဆုံးထားပြီး ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ပေးပို့နိုင်သည်။


လျှောက်လွှာပေးပို့ရမည့် နေရာ -
HOME ခန်းမ၊
အမှတ် - ၅၈/၆၀၊
ဗိုလ်အောင်ကျော်လမ်း၊
ဗိုလ်တထောင်မြို့နယ်

လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ -
၁။ အမည်
၂။ အသက်
၃။  သင်တန်းတက်လိုသည့် ရည်ရွယ်ချက်
၎။  ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်
၅။  အီးမေးလိပ်စာ
၆။ နေထိုင်သည့် မြို့နယ်

လျှောက်လွှာကို kmhyangon@yahoo.com သို့လည်း အီးမေးဖြင့် ပေးပို့နိုင်သည်။

ရွေးချယ်ခံရပါက  ၅ ရက် သင်တန်းကို ပျက်ရက်မရှိ တက်ရောက်ရပါမည်။
သင်တန်းကို ဗိုလ်တထောင်မြို့နယ်ရှိ Myanmar Media Library တွင် ပြုလုပ်ရန် စီစဉ်ထားပါသည်။


www.51mediahouse.com 

Wednesday, March 5, 2014

Sunday, February 9, 2014

Monday, January 27, 2014

Don't worry about the projector


 
  မကြာသေးခင်ရက်ပိုင်းအတွင်း  တွံတေးမြို့မှာ ပြုလုပ်ခဲ့တဲ့ သင်တန်းပါ။ လူမှုအဖွဲ့အစည်းတချို့မှာ လုပ်ကိုင်နေသူတွေထဲက တချို့ တက်ရောက်ပါတယ်။
projector မရှိတဲ့အတွက် မော်နီတာကြီးကြီး/စမတ်တီဗွီ? သုံးခဲ့ရပုံပါ။

No projector? Don't worry about it.
We used a big monitor (smart TV?) in a CJ training for social organizations.
It's was in Ton Tay township, Yangon Division.


 

Wednesday, January 22, 2014

Monday, January 20, 2014

Friday, January 17, 2014

Monday, November 25, 2013

Tuesday, November 12, 2013

Monday, November 11, 2013

Friday, November 1, 2013

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့သည် စာနယ်ဇင်းသမားများ ဖြစ်ပါသည်။ အချိန်ပိုင်း စာနယ်ဇင်းသင်တန်း ပို့ချသူများလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အကြောင်းကို ဤနေရာတွင် ဆက်လက် ရေးသားရန် အစီအစဉ် ရှိပါသည်။

Friday, October 11, 2013

electricity is important


This training was in a local library.
We need to use emergency light sometimes because electricity is not reliable.

စာကြည့်တိုက်လေးတစ်ခုမှာ စာနယ်ဇင်းသင်တန်းလုပ်တုန်းကပုံပါ။
မီးက ပျက်တတ်တော့ ... အားသွင်းထားတဲ့မီးချောင်း ဆောင်ထားတာ အတော်ပဲ ဖြစ်သွားတယ်။

Tuesday, September 17, 2013

CJ training




CJ training in Meik Hti La city, Mandalay Division.
မိတ္ထီလာမှာ CJ သင်တန်းပေးတုန်းက ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ CJ လို့ အတိုကောက် ခေါ်ကြတဲ့ Citizen Journalist ကို ဘယ်လို ဘာသာပြန်ကြသလဲ။ သင်တန်းမှာတော့ ... ရပ်ရွာထဲကသတင်းသမားလို့ သုံးနှုန်းခဲ့ပါတယ်။ ဒီထက် ပိုသင့်တော်တဲ့ ဝေါဟာရလည်း ရှိမှာ အသေအချာပါပဲ။

https://www.facebook.com/51mediahouse

Popular Posts