Thursday, November 19, 2015

CJ တွေကို သင်တန်းပေးသင့်သလား




နိုင်ငံတကာ သတင်းစာ တချို့တလေက  ရပ်ရွာထဲက သတင်းသမား (CJ) တွေရဲ့ လက်ရာတွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ နေရာပေးပါတယ်။

CJ တွေကို သင်တန်းပေးပါတယ်။  အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ လူလတ်၊ လူကြီး  CJ အရွယ်စုံကို သတင်းဘယ်လိုရေးသင့်တယ်၊ အင်တာ ဘယ်လို ဗျူးသင့်တယ် စသဖြင့် အခြေခံသင်တန်းပေးပါတယ်။

သတင်းစာ အများစုကတော့  နေရာ  မပေးပါဘူး။  တချို့ဆိုရင် သူတို့ကို သင်တန်းပေးစရာ မလိုဘူးလို့ ယူဆကြပါတယ်။  အချိန်ဖြုန်းတာပဲ တဲ့။

ဒီတော့ CJ တွေကို သတင်းဌာနတွေက သင်တန်းပေးသင့်သလား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။  အဖြေကတော့ အမျိုးမျိုးပါပဲ။

မပေးသင့်ဘူးလို့ ယူဆသူတွေထဲက တစ်ဦးကတော့ လူတိုင်းကို သတင်းသမားအဖြစ် လေ့ကျင့်ပေးလို့ မရဘူး၊ လူတွေက  သူတို့ ရပ်ရွာထဲမှာပဲ နေချင်ကြတာ၊ သတင်းသမားဖြစ်ချင်ကြတာမှ မဟုတ်တာ လို့ ဖြေပါတယ်။ ဒါကတော့ နိုင်ငံခြားက သတင်းစာတိုက် အကြီးအကဲတစ်ယောက်ရဲ့စကားပါ။

သတင်းဌာနတွေက မပေးသင့်ဘူး ဆိုတာကတော့ သဘာဝကျပါတယ်။  သတင်းဌာနဆိုတာ သင်တန်းကျောင်းမှမဟုတ်တာ။

ဒီတော့ CJ တွေကို သင်တန်းပေးတဲ့အလုပ်ကို တခြားသူတွေက လုပ်ကြပါလိမ့်မယ်။

မြန်မာပြည်မှာတော့ CJ တွေအတွက် သင်တန်းဖြစ်မြောက်ရေးကို NGO တွေက လုပ်ကိုင်နေကြပါတယ်။  NGO တွေနဲ့ အဆက်အစပ် ရှိသူတွေ တက်နေကြတာ တွေ့ရပါတယ်။

သတင်းဌာနတွေက CJ တွေကို သင်တန်းပေးသင့်သလား ဆိုတော့ ပေးရင် ကောင်းတာပေါ့လို့ ပြောရပါမယ်။

သို့သော်လည်း CJ တွေကို သင်တန်းမပေးခင် ကိုယ့်သတင်းဌာနက ဝိုင်းတော်သားတွေကို အရင်ဆုံး လေ့ကျင့် သင်တန်းပေးသင့်ပါတယ်။



0 comments:

Post a Comment

Popular Posts