
CJ တွေကို အသုံးချတတ်သူတွေထဲမှာ အမေရိကန် သတင်းဌာနကြီး CNN လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ သူ့ရဲ့ iReport for CNN ကနေ နိုင်ငံပေါင်းစုံက CJ တွေရဲ့ လက်ရာများကို ထုတ်လွှင့်နေပါတယ်။ လူကြည့်များတဲ့ သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာလည်း တင်ပါတယ်။
သတင်းပို့ဖို့ဆိုရင် သူတို့ရဲ့ စာမျက်နှာ ireport.cnn.com မှာ မှတ်ပုံတင်ရပါတယ်။
သူတို့နားလည်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးရပါမယ်။
ဓာတ်ပုံ၊ ဗီဒီယို တင်သူများကတော့ အင်္ဂလိပ်လို သိပ်အားကောင်းဖို့က အဓိက ကျမယ် မဟုတ်ပါဘူး။ စာရေးတာကို ဦးစားပေးမယ် ဆိုရင်တော့ အင်္ဂလိပ်လို အားကောင်းရပါမယ်။
CNN က ဟေတီနိုင်ငံငလျင်လိုမျိုး ထူးခြားတဲ့ ကြီးမားတဲ့ ဖြစ်ရပ်တွေကို CJ တွေရဲ့ အားကို ယူခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်မျိုးတွေမှာ ပျောက်ဆုံးသွားသူတွေကို ရှာဖွေဖို့၊ သတင်းဖလှယ်ဖို့အတွက်လည်း iReport ကို အသုံးပြုသူ အများအပြားပါပဲ။ လူပျောက်ရှာတာ iReport ကြောင့် ပြန်တွေ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
0 comments:
Post a Comment